Covid-19 ရန်ကြောင့် တစ်ရက်ကို အကြိမ်းပေါင်းများစွာ သုံးရတယ်။ အရက်ပြန်တွေပါတဲ့ ရေမလိုလက်သန့်ဆေးရည်တွေ သုံးရတယ်။ ကြာလာတေ့ာ လက်တွေက အရမ်းခြောက်လာတာမျိုးတွေ အက်ကွဲလာတာတွေ ကြမ်းလာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို ဘယ်လိုကာကွယ်မလဲ၊။ နည်းလမ်းကောင်းလေးတွေကတော့

HandCream လိမ်းပေးပါ။ Handcream လေးတွေ မရှိရင် သုံးနေကျ Body Lotion လေးကို လက်ကို လိမ်းပေးပါ။ လက်ဆေးပြီး မစိုမခြောက်ဖြစ်နေတဲ့ အချိန်လေးမှာ လိမ်းပေးတာ ပိုပြီး ထိရောက်ပါတယ်။လက်ဆေးတဲ့အခါလည်း  ဖြစ်နိုင်ရင်ကြက်သီးရေနွေးလေးနဲ့ ဆေးပေးပါ။

ညဘက်မအိပ်ခင်မှာ အသားရေကို အစိုဓာတ်ဖြည့်ပေးမယ့် အဆီတစ်ခုခုလိမ်းပြီးမှ အိပ်ပါ။ ဥပမာ - Vasaline, သံလွင်ဆီ။ ညဘက်မှာ လိမ်းပေးတာက အသားရေကို ပိုကောင်းလာစေပါတယ်။

ဆေးကြောတာတွေလုပ်တဲ့အခါ လက်အိတ်စွတ်ဆေးပါ။ ပန်းကန်ဆေးဆပ်ပြာတွေ အိမ်သုံးအတွက် ဆပ်ပြာတွေက လက်ဆေးဆပ်ပြာတွေထက် အက်စစ်ဓာတ်ပိုပြင်းပါတယ်။ လက်အိတ်လေးနဲ့စွတ်ဆေးတဲ့အခါ အသားရေကို ထိခိုက်တာလျော့ပေးနိုင်မှာပါ။

Photo Credit- Pixabay

Kelly (Akhayar Lifestyle)