ဘယ်မှာရှုံးခဲ့တာလဲဆိုတော့ တရုတ်နိုင်ငံတွင်းမှာပါ။ နိုင်ငံတကာမှာတော့ မဟုတ်သေးပါဘူး။ 

Counterpoint Research ရဲ့ လတ်တလော အချက်အလက်များအရကတော့ တရုတ်ပြည်မကြီးမှာ HarmonyOS က iOS ကို ကျော်တက်သွားပြီဆိုတာ ဖော်ပြလာပါတယ်။ 2024 တစ်နှစ်အတွင်း တရုတ်ပြည်တွင်း စမတ်ဖုန်း software နယ်ပယ်အတွင်းမှာ Harmony OS က 19% နဲ့ iOS ရှေ့ကနေ ဦးဆောင်နေခဲ့တာပါ။ 

Huawei အတွက်တော့ ဒါဟာ သတင်းကောင်းတစ်ခုထက်ကို ပိုတယ်လို့ပြောရပါမှာ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်ပိတ်ဆို့မှုတွေကြောင့် Huawei အနေနဲ့ ဈေးကွက်အတွင်း အတော်လေးရုန်းကန်ခဲ့ရတာပါ။ အခုတော့ အဲ့ဒီရုန်းကန်မှုတွေက တရုတ်ပြည်တွင်းမှာတော့ အသီးအပွင့်ဖြစ်လာခဲ့တယ်လို့ ဆိုရမှာပါ။ Apple ကို Software နယ်ပယ်မှာ ကျော်တက်နိုင်ရုံတင်မကပဲ စမတ်ဖုန်းနဲ့ Tablet ဈေးကွက်မှာလည်း Apple ထက်ကို ပိုအားကောင်းနေတာပါ။ 

Counterpoint ရဲ့ စမတ်ဖုန်းရောင်းအားဆိုင်ရာ အချက်အလက်များအရ Huawei ဟာ 2024 ခုနှစ်အတွင်း တရုတ်ပြည်မကြီးရဲ့ စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးနေရာကို ရှိနေခဲ့တဲ့အပြင် ဈေးကွက်ဝေစုမှာလည်း 18.1 အထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Nova 13 နဲ့ Mate 70 Series ရဲ့ ရောင်းအားတွေဟာ အရင်နှစ်တွေထက် 15.5% အထိ တိုးတက်ခဲ့လာတယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဒါပေမဲ့လို့ ဒါက တရုတ်ပြည်တွင်းမှာ Huawei ရဲ့အောင်မြင်မှုလို့ပြ ဆိုရမှာပါပဲ။ တစ်ကမ္ဘာလုံးအတိုင်းအတာအရမှာတော့ Software နယ်ပယ်မှာ Harmony OS က iOS နောက်မှာပဲ ရှိနေပါသေးတယ်။ ပြောလို့တော့မရပါဘူး။ မကြာသေးတဲ့အချိန်အတွင်းမှာလည်း အပြောင်းအလဲတွေကို တွေ့နိုင်တော့မှာ သေချာသလောက်ပါပဲ။