Android OS နဲ့ လုံးဝပတ်သတ်မှုမရှိပဲ in house OS အသစ်နဲ့ ဖုန်းအသစ်တစ်လုံးကို ဒီရက်ပိုင်းထဲမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။ Huawei ကနေ မိတ်ဆက်လာမှာဖြစ်ပြီး ကိုယ်ပိုင် OS လို့ နာမည်ကြီးနေတဲ့ Harmony OS Next နဲ့ပါ။

Harmony OS Next ပထမဆုံးထည့်သွင်းသွားမယ့် မော်ဒယ်ကို အတိအကျမဖော်ပြထားပေမဲ့ Pocket 3 ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။ ဆိုတော့ Huawei က သူတို့ရဲ့ Harmony OS Next ကို ခေါက်ဖုန်းတွေမှာ အရင်ဆုံးထည့်သွင်းမယ့် အလားအလာရှိတယ်လို့ ဆိုရမှာပါ။

ဒီသတင်းနဲ့အတူ Pocket 3 ရဲ့ Spec: အချို့လည်း Leak ဖြစ်လာပါတယ်။ Pocket 3 ဟာဆိုရင် ဖြန့်ထားလိုက်ရင် iPad Mini အသေးစားလေးနဲ့ တူညီမယ်လို့ ဆိုပါတယ်။ Screen size 6.28” ရှိမှာဖြစ်ပြီး Cover Screen Size ကတော့ 3.48” ရှိပါမယ်။ 50MP Main Camera, side-mounted fingerprint sensor နဲ့ ရေစိုခံပါမယ်။

Huawei CEO ကတော့ ကိုယ်ပိုင် OS နဲ့လာမယ့်အပြင် ထူးခြားဆန်းသစ်တဲ့ ပုံစံမျိုးကိုလည်း ချပြသွားဖို့ရှိတာကြောင့် စောင့်မျှော်နေဖို့ ဆိုထားပါတယ်။ Launch Date က မတ်လ ၂၀ လို့လည်း သတင်းတွေထွက်နေတာမို့ ဒီရက်ပိုင်းထဲမှာတင် တွေ့မြင်ရဖို့ ရှိနေပါပြီ။
Discussion