ကိုယ့်ကိုမုန်းနေတဲ့သူတွေကို ဘယ်လိုတုံ့ပြန်မလဲ

ကိုယ့်ကိုမုန်းနေတဲ့သူတွေကို ဘယ်လိုတုံ့ပြန်မလဲ

လူ့သဘာဝပတ်ဝန်းကျင်းမှာက ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ အမြဲကြုံတွေ့နေရတယ်ဆိုတာ မှန်ပါတယ်။ လူတစ်ယောက်က ကိုယ့်ကိုချစ်ဖို့လုပ်ရတာခက်သလောက်၊ လူတိုင်းကိုလည်း ကိုယ့်ကိုမမုန်းပါနဲ့လိုလက်ခံလာအောင်လုပ်ရတာကလည်းမလွယ်ပါဘူးနော်။ လူတွေက အချစ်ခံရတာထက် အမုန်းခံရတာကိုတော့ အရမ်းကြောက်ကြပါတယ်။ ဒါကလည်း သဘာဝတရားလို့လည်းပြောလို့ရပါတယ်။ ကိုယ့်ကိုမုန်းနေတာမျိုးဖြစ်ဖြစ် ၊ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းကို အကောင်းမမြင်တာမျိုးဆိုရင် အဲ့လိုအမုန်းတရားတွေကနေ အကောင်းဆုံးတွေဖြစ်လာဖို့အတွက်ဘယ်လိုပြင်ဆင်သင့်လဲဆိုတာမျှဝေပေးချင်ပါတယ်။
အမုန်းကို အမုန်းနဲ့မတုံ့ပြန်ပါနဲ့
ကိုယ့်ကိုသူကမုန်းနေတယ်လို့သိရတယ်ဆိုတဲ့ ခံစားချက်ကတော်တော်လေးလည်းခံစားရခက်ပါတယ်။ အဲ့လိုမျိုးမုန်းနေတဲ့သူတစ်ယောက်ကို ကိုယ့်ဘက်ကလည်းအမုန်းနဲ့ မတုံ့ပြန်တတ်ဖို့ကလည်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ။ စိတ်အပင်ပန်းတွေခံပြီးပြန်လိုက်မုန်းစရာမလိုပါဘူး၊ သူ့ဘက်ကဘယ်လောက်မုန်းမုန်းကိုယ့်ဘက်ကအကောင်းမြင်ပြီး သူ့လိုစိတ်မရှိဘူးလို့ပြန်တုံ့ပြန်ပေးလိုက်ပါနော်။


ကြိုးစားပြလိုက်ပါ
ကြိုးစားပြခြင်းကအကောင်းဆုံးတုံ့ပြန်ခြင်းတစ်ခုလို့လည်းပြောလို့ရပါတယ်။ ကိုယ့်ကိုမနာလိုသူတွေ၊မုန်းတီးနေတဲ့သူတွေကို ကိုယ့်ရဲ့ကြိုးစားမှုနဲ့ အနိုင်ယူပြလိုက်ပါနော်။ သူတို့တွေရဲ့ စိတ်ထဲမှာ ပိုပြီးခံရခက်တာမျိုးလည်းဖြစ်သလို၊ ကိုယ့်ဘက်ကလည်းအရှုံးကိုလက်မခံဘူးဆိုတဲ့ သဘောမျိုးပါနော်။


စိတ်ဓာတ်ကိုမာအောင်ထားပါ
ကိုယ့်ကိုဝမ်းနည်းလို့ဆိုပြီး ဝမ်းနည်းနေမဲ့အစား ကိုယ့်ကိုချစ်တဲ့သူတွေကိုပိုပြီးတန်ဖိုးထားလိုက်ပါ။ ကိုယ့်ကသူ့ရဲ့စိတ်ကိုလည်းပြင်လို့မရလို့ မမုန်းပါနဲ့လို့လည်းပြောလို့မရပါဘူး၊ ဒီလူကငါ့ကိုမုန်းနေတယ်ဆိုပြီးအရမ်းကြီးလည်းအတွေမလွန်ပါနဲ့၊ ကိုယ့်ပုံစံကိုလည်းမပြောင်းလဲလိုက်ပါနဲ့နော်။

Kelly - Akhayar Lifestyle

Photo Credit -Freepik

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ