ဟော့ပေါ့ဆို အသားစစ်စစ်တွေပဲ စားချင်တဲ့ သူတွေအကြိုက်တွေ့စေမယ့် Myanmar Culture Valley ထဲက ဆိုင်လေးတစ်ဆိုင်

ဟော့ပေါ့ဆို အသားစစ်စစ်တွေပဲ စားချင်တဲ့ သူတွေအကြိုက်တွေ့စေမယ့် Myanmar Culture Valley ထဲက ဆိုင်လေးတစ်ဆိုင်

“ဟော့ပေါ့ဆို အသားစစ်စစ်တွေပဲ စားချင်တဲ့ သူတွေအကြိုက်တွေ့စေမယ့် Myanmar Culture Valley ထဲက ဆိုင်လေးတစ်ဆိုင်”

ဒီနေ့မှာတော့ ဟော့ပေါ့စားပြီဆို အသားမှ အသားစားတဲ့ adminလို လူတွေ အတွက် သတင်းကောင်းလေးတစ်ခုကို ယူဆောင်လာပါပြီ။ဆိုင်လေးကတော့ Myanmar Culture Valley ထဲမှာ ဖွင့်ထားတဲ့ ကိုကာဆူကီ Thai Restaurent ဆိုင်လေးပဲဖြစ်ပါတယ်။သူ့ဆိုင်လေးရဲ့ ထူးခြားချက်ကတော့ အသားတွေအကုန်လုံးက ready made မဟုတ်ဘဲ သူတို့ဆိုင်မှာ ကိုယ်တိုင်လုပ်ထားတာဖြစ်လို့ လူကြီး လူငယ်မရွေးစားလို့ရတဲ့အပြင် ဟင်းရည်ကိုလည်း လုံးဝ အသားပြုတ်ရည်သီးသန့်နဲ့ လုပ်ထားတာဖြစ်လို့ ကျန်းမာရေးနဲ့ မကိုက်ညီမှာလည်း ပူစရာမလိုတော့ဘူး။

ဘူဖေးဆိုင်ဆိုပေမယ့် အစားအသောက်တွေအကုန်လုံးကို မှာမှ လုပ်ပေးတာကလည်း ဆိုင်ရဲ့ ထူးခြားချက်လေးပါပဲ။ အဲ့လိုပြောလို့ အကြာကြီးလည်း မစောင့်ရဘူးနော်။ အသားတွေဆိုရင်လည်း စက်နဲ့ လှီးတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် ဓားနဲ့ပဲ အနေတော်လှီးထားတာမျိုးဖြစ်ပြီး admin လည်း အစက နည်းနည်းထူမယ်ထင်ထားမိတာ။ပြုတ်ပြီး စားကြည့်မှ အသားတွေကလေ အရမ်းလတ်လို့ထင်တယ် လုံးဝနူးညံ့နေတာ။ ဟော့ပေ့ါဆိုင်သွားရင် ကြက်သား မစားတဲ့ adminတောင် သူတို့ဆိုင်က ကြက်သားကိုတော့ တော်တော်ကြီး ကြိုက်သွားတယ်။

အသားလုံးတွေဆိုလည်း လုံးဝ အသားစစ်စစ်တွေကို ကြိတ်ပြီး လုပ်ထားတာမို့လို့ စားရတာ တော်တော်ကောင်းတယ်။

Admin အကြိုက်ဆုံး အချက်ကတော့ ဘာစားစား လတ်ဆတ်နေတာကိုပဲ။ ဂဏန်းဆိုလည်း အသားတွေအပြည့်နဲ့ ချိုနေပြီး ဂုံးဆိုလည်း လုံးဝ သဲမပါဘဲ လတ်ဆတ်နေရောနော်။

အမဲသား,ဝက်လျှောနဲ့ ဂုံးကိုကျ သူတို့က တစ်ခေါက်ပြုတ်ပြီးမှ လာချပေးတာမို့လို့ စားခါနီးမှ အိုးထဲ ခဏထည့်လိုက်တာနဲ့ ရပြီ။ဒီထဲမှာမှ အမဲသားနဲ့ ဝက်လျှာကတော့ ဆိုင်ရဲ့ signature လို့ပြောလို့ရတဲ့ အထိစားလို့ ဘယ်လိုကောင်းလဲကို မသိတာ။အမဲသားက ပုံမှန်ဆို နည်နည်းမာပေမယ့် ဒီဆိုင်က အမဲသားကတော့ လုံးဝ နူးညံ့နေပြီး ဘယ်လောက်စားစား ထပ်စားချင်နေမိတဲ့ အရသာမျိုးပဲ။

ဝက်လျှာဆိုလဲ လုံးဝ စားကောင်းနော်။ဒီနှစ်ခုကိုတော့ ဆိုင်ရောက်ရင် အများကြီး စားခဲ့ကြဖို့ ပြောချင်ပါတယ်။

ပြီးတော့ ငါးဖယ်ပြားပေါ့။ ဒါကလည်းဆိုင်ရဲ့ signature ပဲနော်။ သူဆိုလည်း ပြုတ်ပြီးရင် ချိုပြီး အချဉ်လေးနဲ့ စားရင်လည်း လုံးဝ ကွက်တိပဲ။

အရွက်တွေဆိုလည်း လတ်ဆတ်ပြီး မုန့်ညင်းရိုးတို့ ရုံးပတေသီးထဲ ပုစွန်အစာသွပ်ထားတာလေးတွေဆိုလည်း ဒီဆိုင်မှာမှ သေချာတွေ့ရတာမလို့ စားကြည့်ခဲ့ကြနော်။စိတ်မကောင်းစရာကတော့ ဒီဆိုင်မှာ အပ်မှိုမရတာလေးပါဘဲ။ ဒါပေမယ့် အခြားမှိုကတော့ ရှိပါတယ်။နောက်ကျရင်တော့ အပ်မှိုလေးပါ ပါရင် ပိုကောင်းမယ် ထင်ပါတယ်။

နောက်ခေါက်ဆွဲပေါ့။ ကြက်ဉခေါက်ဆွဲကိုမှ ဒိီတိုင်းရိုးရိုးမစားဘဲ ပြုတ်ပြီးရင် ပေးထားတဲ့ ဆီချက်လေးထည့်ပြီး စားကြည့်နော်။ အရမ်းကို စားကောင်းသောဘဲ။ admin ကတော့ နည်းနည်းလေး စပ်ချင်လို့ ဆိုင်က စပ်ပေးထားတဲ့ အချဉ်ရည်လေးပါ နည်းနည်း ထည့်စားလိုက်တာ လုံးဝ ရှယ်ဖြစ်သွားတယ်။

သူ့ဆိုင်မှာ ဟော့ပေါ့အပြင် အခြား ဟင်းပွဲလေးတွေလည်း ရှိတာကြောင့် ဟော့ပေါ့မစားချင်ဘဲ Family dinnerတို့ gathering တို့ အတွက်ဆိုလည်း ရတယ်။ သီးသန့် အခန်းလေးတွေလည်း ရှိတာမို့လို့ အဆင်ပြေတယ်နော်။

Admin တို့ကတော့ ပြည်ကြီးငါးကို tempura လိုမျိုးကြော်ထားတာလေး စားခဲ့ပါသေးတယ်။ လုံးဝ အပြင်က ကြွပ်ပြီး အထဲက အိအိလေးနဲ့ တော်တော်စားကောင်းတယ်။အချဉ်တောင် မလို သူ့အရသာနဲ့တင် ရပြီ။

အချိုပွဲအနေနဲ့လည်း Banana Flambeလေးစားခဲ့ပါတယ်။ ငှက်ပျော်သီးကြော်ကိုမှ ထောပတ်ရယ် သကြားရယ်နဲ့ ကြော်ပြီး အလယ်မှာ Vanilla ice cream လေးနဲ့။ ပြောရင်းတောင် ပြန်စားချင်နေပါပြီ။

ဒီဆိုင်က ငှက်ပျော်သီးကြော်စားပြီးရင်တော့ တခြားငှက်ပြောသီးကြော်တွေ မတိုးနိုင်ဖြစ်သွားမယ်နော်။ကလေးတွေဆိုလည်း တော်တော်ကို ကြိုက်မယ့်အရသာလေး။ ရောက်ရင် စားကြည့်ခဲ့ကြပါ။အပေါ်မှာ admin ပြောခဲ့သလိုမျိုး တစ်ကယ့် အသားစစ်စစ်တွေကိုမှ လတ်ဆက်မှု အပြည့်နဲ့ စားချင်တဲ့ သူတွေအတွက် လုံးဝ နောင်တရမှာ မဟုတ်တာတော့ အသေအချာပါပဲ။ကဲ ဒါဆိုရင်တော့ ဆိုင်လေးအကြောင်းကို ပြောပြပြီးပြီဆိုတော့ သွားစားဖို့ကတော့ ယူတို့ တာဝန်ဖြစ်သွားပြီနော်။

KOKASUKI · Q4XV+PRR, U Wisara Rd, Yangon, Myanmar (Birma)
★★★★☆ · Fonduerestaurant
ဆိုင်နာမည်- ကိုကာဆူကီ Thai Restaurant
ဖုန်း-09 408889933
လိပ်စာ- U Wisara Road ,Myanmar Culture Valley ,Dagon ,Yangon
ဆိုင်ဖွင့်ချိန်- 11AM - 9:30PM

Read more

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale