ဆေးခန်းသွားစရာမလိုဘဲ ကျန်းမာအောင် ဘယ်လိုစားသောက်ကြမလဲ

ဆေးခန်းသွားစရာမလိုဘဲ ကျန်းမာအောင် ဘယ်လိုစားသောက်ကြမလဲ

အာရေဂျံ ဗရမံလာဘံ ဆိုတာတော့ လူတိုင်းကြားဖူးကြပါလိမ့်မယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။ကိုယ်ခန္တာက  ကျန်းမာသန်စွမ်းနေမှ စိတ်သွားတိုင်းကိုယ်ပါမှာဖြစ်ပါတယ်။ ဒီလို ကျန်းမာနေဖို အစားအသောက်ကို သေချာ ဂရုစိုက်ပြီး စားဖို အရမ်းကို အရေးကြီးပါတယ်။ ပြည့်စုံမျှတပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ကို ရွေးချယ်စားသုံးပါမှလည်း မလိုလားအပ်တဲ့ ရောဂါတွေမဝင်ဘဲ ကိုယ်ကျန်းမာစိတ်ချမ်းသာနိုင်မှာပါ။

ရောဂါဖြစ်လို ဆေးအတွက် ကုန်မဲ့ ပိုက်ဆံတွေနဲ့ အချိန်တွေအတွက် ကိုယ်စားမဲ့ အစားအသောက်မှာ ရင်းနှီးမြုပ်နှံပြီး ဂရုစိုက်လိုက်တာ ပို အကျိုးရှိတယ်မဟုတ်လား။

ကျန်းမာစွာ နေထိုင်စားသောက်ခြင်းဟာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါကို မဖြစ်အောင် လျော့ချပေးတယ်လို WHO က ဆိုထားတာတွေလည်း ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Diet အစားအသောက်တွေိကို စားခြင်းအားဖြင့် ကိုလက်စထရော Level ကို လျော့ချပေးတယ်။ ကိုလက်စထရောဆိုတာကတော့ အဆီဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွေးဖိအားကို လျော့ချပေးပြီး သွေးတိုးဖြစ်နိုင်ချေကို လျော့ချပေးတယ်။ ခန္တာကိုယ်အလေးချိန်ကို ထိန်းပေးပြီး သွေးတွင်းသကြားဓာတ်ကိုလည်းပုံမှန်ဖြစ်စေပါတယ်။ ဒါတွေဟာ လူတစ်ယောက်ကျန်းမာဖိုနဲ့ ကြောက်စရာကောင်းတဲ့ရောဂါတွေ ဝင်မလာအောင် ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ဘယ်လိုရွေးချယ်စားသောက်ကြမလဲ?

ပြည့်စုံမျှတ အာဟာရပြည့်ဝတဲ့ အစားအသောက်ပုံစံမှာ ပရိုတင်းလို ခေါ်တဲ့အသားဓာတ်၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ဗီတာမင်နဲ့ သတ္ထု၊ အဆီဓာတ်တွေ စုံလင်ရပါမယ်။ အသီးအနှံတွေ၊ပဲအမျိုးမျိုး၊ ငါး၊ အစိအဆံနဲ့ ဥတွေမှာ ပါဝင်ပါတယ်။

အသီးအနှံနဲ့ အရွက်တွေ မဖြစ်မနေပါပါစေ။ အမျှင်ဓာတ်၊ သတ္ထုဓာတ်၊ ဗီတာမင်နဲ့ နုပျိုစေတဲ့ Anti-oxidants ဓာတ်တွေပါတာကြောင့် ရောဂါကင်းစေပါတယ်။ ကိုယ်စားနေကျအစားအသောက်ရဲ့ သုံးပုံပုံ တစ်ပုံမှာ အသီးအနှံမဖြစ်နေပါရပါမယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ အာဟာရဓာတ်တွေ၊ အရွယ်တင်နုပျိုစေတဲ့ Antioxidants တွေ၊ ရောဂါကာကွယ်ပေးတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါပါတယ်။ ဖိုင်ဘာလို ခေါ်တဲ့ အမျှင်ဓာတ်တွေကလည်း သွေးဝမ်းညီညွတ်အောင် လုပ်ပေးတာကြောင့် အဓိကထားစားရမှာဖြစ်ပါတယ်။ ခန္တာကိုယ်အလေးချိန်ကို ထိန်းရာမှာ အလွန်အရေးပါပြီး ကျန်းကျန်းမာမာနဲ့ မလိုလားတဲ့ ရောဂါတွေမဝင်အောင် ကာကွယ်ပေးပါတယ်။

ဂျုံနှင့် ပြုလုပ်ထားသော အစားအသောက်များ၊ ဆန်၊ အုတ်ဂျုံ စတာတွေမှာ ပရိုတင်းဓာတ်၊ ကစီဓာတ်နှင့် ဗီတာမင်ဓာတ်များပါဝင်ပါတယ်။ ပြည့်စုံသော ပရိုတင်းဓာတ်အတွက် အစေ့အစံများ၊တိုဟူး၊ ငါး၊ ကြက်ဥ၊ နွားနိုနှင့် အသားအမျိုးမျိုးကို ရွေးချယ်စားသောက်နိင်ပါတယ်။

အတတ်နိုင်ဆုံးတော့ Fast Foods တွေ၊ ဆီကြော်တွေ၊ အဆီများ၊ အချိုများတဲ့အစားအသောက်တွေကို ရှောင်ကြည်သင့်ပါတယ်။ ကျန်းမာတဲ့ စားသောက်နေထိုင်ပုံမှာ ရေကတော့ မပါမဖြစ်မို သတိတရများများသောက်ပေးဖို လိုပါတယ်။ တစ်နေ့ကို ရေ ၁လီတာကနေ ၃ လီတာထိ ပုံမှန် သောက်ပေးနိုင်ရင်ကောင်းပါတယ်။

နေ့စဉ်လိုအပ်သော အာဟာရဓာတ်တွေ ပြည့်စုံဖို ကိုယ်စားမဲ့ အရာတွေကို ကြိုတင်ပြင်ဆင်ထားရင်တော့ ပိုကောင်းပါတယ်။

အစားအသောက်ကြီးပဲ ဂရုစိုက်နေရုံနဲ့မရသေးပါဘူး။ ကိုယ့်ရဲ့ နေစဉ် လှုပ်ရှားသွားလာမှုကို ဂရုစိုက်ဖိုလည်း အရေးကြီးပါသေးတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာမျိုးတွေအပြင် အထိုင်များခြင်းတွေကိုလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

ဒါမှလည်း ကျန်းမာလှပတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ