အာဟာရပြည့်ဝတဲ့ မနက်စားဖြစ်ဖို့ဘယ်လိုမျိုးလေးတွေလုပ်စားမလဲ

အာဟာရပြည့်ဝတဲ့ မနက်စားဖြစ်ဖို့ဘယ်လိုမျိုးလေးတွေလုပ်စားမလဲ

မနက်စာဆိုတာက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဖြည့်စွက်စာလို့လည်းပြောလို့ရပါတယ်။ တစ်ချို့လူတွေက မနက်စာကိုနေ့လည်စာနဲ့ပေါင်းစားတာမျိုးတွေလည်းလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒါမျိုးကလုံးဝမလုပ်သင့်ပါဘူးနော် ။ မနက်ပိုင်းမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်တွေကိုဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ အာဟာရပြည့်ဝပြီး အဆီအဆိတ်နည်းတဲ့ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ မနက်စာဖြစ်ဖို့အတွက် ဘယ်လိုအစားအသောက်တွေနဲ့လွယ်လွယ်ကူကူလုပ်စားလို့ရမလဲဆိုတာပြောပြပေးချင်ပါတယ်။
​ထောပတ်သီးနဲ့ပေါင်မုန့်
ထောပတ်သီးမှာပါဝင်တဲ့ကောင်းကျိုးတွေက  ဆီးချိုသမားတွေအတွက်သွေးထိန်းပေးနိုင်တဲ့အတွက် မနက်ခင်းမှာ အစာအိမ်လမ်းကြောင်းကိုလည်းရှင်းပေးနိုင်တဲ့အတွက် မနက်ခင်းမှာစားပေးဖို့သင့်တော်ဆုံးအသီးတစ်မျိုးဖြစ်တယ်လို့ပြောလို့ရပါတယ်။ ပေါင်မုန့်မီးကင်လေးနဲ့တွဲဖက်ပြီးစားသုံးပေးလို့ရပါတယ် ။

Photo Credit - Greenbar


ကြက်ဥပေါင်း
ကြက်ဥကိုအမျိူးမျိုးလုပ်စားလို့ရတဲ့အထဲကမှ လွယ်ကူပြီးတော့ လုပ်ရတာလည်းအရမ်းရိုးရှင်းတဲ့ကြက်ဥပေါင်းလေးကိုလည်းလုပ်စားပေးကြည့်သင့်ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကလည်း ကြက်ဥနဲ့ဟင်းခတ်အမွေးအကြိုင်ရှိရုံနဲ့လုပ်စားလို့ရပါပြီ ။

Photo Credit -


ဒိန်ချဉ်နဲ့ အသီးတစ်မျိူး
ဒိန်ချဉ်ကမနက်ပိုင်းမှာစားပေးဖို့အသင့်တော်ဆုံးလို့ဆရာဝန်တော်တော်များများကပြောပါတယ်။ Diet လုပ်ပြီးသားလည်းဖြစ်သလို အဆီအဆိတ်မဟုတ်တဲ့အတွက်ကိုယ့်ရဲ့အစာအိမ်လမ်းကြောင်းကိုလည်းရှင်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ကိုမှ စတော်ဘယ်ရီသီး၊ Blueberry အသီးတွေနဲ့စားပေးရင်ပိုပြီးတော့ကောင်းပါတယ်နော် ။


​ငှက်ပျောသီးနဲ့ ပေါင်မုန့်
ပေါင်မုန့်ကတော့ မနက်စာအတွက်ဆိုလွယ်ကူပြီးအားလုံးကြိုက်တဲ့ Snack တစ်ခုတော့ ပေါင်မုန့်ကိုပဲ တွဲဖက်စားသုံးလို့ကောင်းတဲ့ယိုတစ်မျိုးမျိုးနဲ့ကို ဌက်ပျောသီးလေးနဲ့တွဲဖက်စားသုံးပေးရင် တစ်နေ့တာအတွက်အာဟာရပြည့်ဝစေပြီးကောင်းမွန်တဲ့မနက်စာတစ်ခုရမှာအမှန်ပါနော် ။

Photo Credit - sapien

Kelly - Akhayar Lifestyle

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ