လှည်းတန်း‌စျေးနားက နာမည်ကြီးကွေ့တီယိုဆိုင်လေး

လှည်းတန်း‌စျေးနားက နာမည်ကြီးကွေ့တီယိုဆိုင်လေး

ဒီနေ့ မင်မင် လှည်းတန်းဘက်ရောက်တာနဲ့ လှည်းတန်း‌ေစျးနားက နာမည်ကြီးကွေ့တီယိုဆိုင်တစ်ဆိုင်သွားစားခဲ့တယ်

ဆိုင်ရဲ့နာမည်လေးကတော့ "ထိုက်" ပါ။

ဆိုင်ကဖွင့်ထားတာတော့ တစ်နှစ်ကျော်လောက်ဘဲရှိသေးတယ်။ ဒါပေမယ့် ညနေဘက်ဆို တော်တော်လေးလူများတယ်။ Street Food ဖြစ်တဲ့အတွက် ဆိုင်အပြင်အဆင်တော့သိပ်မပြောတော့ဘူး။ စားပွဲလေးတွေကတော့ သန့်သန့်ရှင်းရှင်းလုပ်ထားတယ်။ အသုပ်တွေ ဖြစ်ပေမယ့် ဆိုင်ရှင်က လက်အိတ်စွပ်ပြီး သေချာလေးသုပ်ပေးတယ်။ ဆိုင်မှာ ကွေ့တီယိုတစ်မျိုးတည်းရတာမဟုတ်ဘူးနော်။ မာလာရှမ်းကော၊ သဘ်ောသီးထောင်း၊ ထမင်းပေါင်း၊ အာပူလျှာပူ နဲ့ အခြားအစားအစာတွေလည်းရသေးတယ်။ 

အသင့်စား ရန်ကုန်မုန့်ဟင်းခါး၊ အသင့်စားအာပူလျှာပူ၊ အုန်းနို့ခေါက်ဆွဲအနှစ်၊ မုန့်ဟင်းခါးအနှစ်ထုပ်ဆိုပြီးတော့လည်း packageနဲ့သေသေချာချာ ခွဲရောင်းပေးတယ်။ ဈေးကတော့ 800ကနေ 3000ကျော်ထိအစားစားရှိတယ်။ ဆိုင်မှာတော့ နာမည်ကြီးတာကတော့ ကွေ့တီယိုပေါ့။ကွေ့တီယိုက အရည်နဲ့ အသုပ်နှစ်မျိုးရှိတယ်။ 

ဆိုင်က လှည်းတန်းဈေးကပ်လျက်လမ်းထိပ်လေးမှာ ဖွင့်ထားတာ။ လှည်းတန်း Sein Gay Har မျက်စောင်းထိုးမှာပေါ့။ မင်မင်အတွက် ကွေ့တီယိုကတော့ favorite ဘဲ။ မင်မင်ကွေ့တီယိုတော်တော်များများစားဖူးတယ်။ အဲ့ဆိုင်ကနာမည်ကြီးတာသိပေမယ့် တစ်ခါမှမစားဖူးဘူး။ စားကြည့်လိုက်တော့ အရသာလေးက.....

ကွေ့တီယို (အသုပ်/အရည်) - 2000MMK

ကွေ့တီယိုအသုပ် အရသားလေးကတော့ ချိုပီး စပ်သွားတယ်။ အစပ်အဟပ်တည့်တယ်ပြောလို့ရတယ်။

ခေါက်ဆွဲသားက နူးတယ်။ အနှစ်လေးတွေနဲ့စားလို့ကောင်းတယ်။ ငါးဖယ် ပါတယ်။

ဝက်အသည်း ဝက်အူချို တို့ပါတယ်။

အရသာက အထဲထဲထိဝင်တယ်။

အသားများများပါတယ်။

ပဲပင်ပေါက် ကန်စွန်းရွက် ကတကြွပ်ကြွပ်ဘဲ။ ရေနွေးစိမ်ထားပေမယ့် နွမ်းနွမ်းကြီးဖြစ်မနေဘူး။ ငုံးဥတစ်လုံးပါတယ်။

ကွေ့တီယိုအရည် ကို ကြက်သားနဲ့မှာလိုက်တယ်။ကွေ့တီယိုအသုပ်ကို မုန်လာဥဖြု ဟင်းချိုလောင်းပေးထားတာ။ အရသာကတော့ မုန့်လာဥဖြူ ရဲ့ ချိုတာကိုလည်း ခံစားမိတယ်။ ချိုပြီးတော့မှ စပ်သွားတာမို့စားလို့ကောင်းတယ်။ ကြက်သားမှာတော့ အသားအနေနဲ့ကတော့ ကြက်သား၊ ငါးဖယ်၊ ငုံးဥပါတယ်။

မင်မင့်အမြင်အနေနဲ့ကတော့ portion ကပေးရတဲ့ဈေးနဲ့တန်တယ်။ အသားတွေ၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်များများပါတယ်။ ကြက်သားရော ဝက်သားရော စားတယ်ဆိုရင်တော့ ဝက်သားကိုဘဲ ရွေးချယ်ပြီးစားဖို့ recommend ပေးချင်တယ်။ အဲ့တာမှ ဝက်အူချိုတို့ ဝက်အသည်းတို့ စားလို့ရမှာပေါ့။

ထိုက်(စားဖွယ်စုံ)

ဆိုင်လိပ်စာ - လှည်းတန်းလမ်းမကြီး လှည်းတန်း Sein Gay Har မျက်စောင်းထိုး ၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်။
ဖုန်း - 09 420274208, 09 768725265
ဆိုင်ဖွင့်ချိန် - နံနက် (7)နာရီ မှ ည(6)နာရီ။

Read more

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

မန်စီးတီးအသင်းကြယ်ပွင့်နဲ့ Ballon d'Or ဆုရှင် ရိုဒရီဟာ ဒူး(ACL)ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပြ

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

စပါး - Bodo/Glimt (ယူရိုပါလိဂ်ဆီမီးဖိုင်နယ်) (2 May 2025/ 1:30 am) စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေ

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီ