ဒီတစ်ပတ်ကနေစပြီး အခရာကနေ ကဏ္ဍသစ်တစ်ခုအနေနဲ့ စာဖတ်သူတွေကို စတင်တင်ဆက်ပေးမှာကတော့ “Comfort Zone” လို့ အမည်ရတဲ့ ကဏ္ဍသစ်လေးတစ်ခုပဲ ဖြစ်ပါတယ်။

ဒီကဏ္ဍလေးဟာ ဘယ်လိုမျိုးလေးလဲဆိုတော့ စာဖတ်သူတွေ သိလိုသမျှ အကြောင်းအရာတွေတိုင်းကို လာရောက်မေးမြန်းလို့ရသလို ရင်ဖွင့်စရာမရှိတဲ့အခါမျိုးမှာလည်း လာရောက်ရင်ဖွင့်ပြီး ဆွေးနွေးတိုင်ပင်လို့ရတဲ့ ကဏ္ဍမျိုးလေးပါ။ပရိသတ်ကြီးလာရောက်မေးထားတဲ့ မေးခွန်းတွေနဲ့ ဆွေးနွေးတိုင်ပင်ထားတဲ့ အကြောင်းအရာတွေထဲကမှ အမေးအများဆုံးအကြောင်းအရာလေးတွေကို အပတ်စဉ်သောကြာနေ့တိုင်းမှာ အခရာဝိုင်းတော်သားတွေက သိသလောက်တတ်သလောက် စုစည်းပြန်လည် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မသိတာတွေ အခက်ခဲတွေနဲ့ ရင်ဖွင့်စရာတွေရှိရင် “Comfort Zone” ကိုသာ သတိရပြီး မေးမြန်းလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်နော်။

ရင်ဖွင့်ဆွေးနွေးချင်တဲ့အကြောင်းအရာလေးတွေနဲ့ မေးခွန်းလေးတွေကိုတော့ Chatbox မှာ “Comfort Zone”သို့လို့တပ်ပြီး လာပြောပြလို့ရသလို ဒီ Post ရဲ့ Comment Box မှာလည်း လာရောက် ပြောပြ မေးမြန်းလို့ရပါတယ်နော်။

H.H(Akhayar)