ကိုယ့်ကောင်မလေးကို ဓာတ်ပုံရိုက်ပေးတော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ

ကိုယ့်ကောင်မလေးကို ဓာတ်ပုံရိုက်ပေးတော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ

လူတိုင်းလိုလိုရဲ့ လက်ထဲမှာ စမတ်ဖုန်းကိုင်လာချိန်ကစပြီး ယောက်ျားတို့ တတ်သင့်တတ်အပ်တဲ့ ပညာတွေထဲမှာ ဓာတ်ပုံရိုက်ဖို့ဆိုတာလည်း ပါလာပါပြီ။ ဒါကိုငြင်းဆန်ချင်တဲ့သူများ ရှိပါမလား။ တဆက်တည်းမှာပဲ ဓာတ်ပုံအရိုက်ကောင်းတဲ့ ချစ်သူရည်းစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကလည်း လူပုံအလယ်မှာ ဓာတ်ပုံလှလှလေးတွေ ကြွားခွင့်ရအောင် လုပ်ပေးနိုင်တဲ့ ကိုယ့်ချစ်သူယောက်ျားလေးတွေကို ပိုလို့တောင် အချစ်ပိုကြပါသေးတယ်။ တစ်ခုရှိတာက ဓာတ်ပုံရိုက်ကျွမ်းတယ်ဆိုဦးတော့ မဖြစ်မနေ သိထားရမယ့် အချက်တွေကို မသိထားဘူးဆိုရင်တော့ ကောင်မလေးရဲ့ စိတ်ဆိုးစိတ်ကောက်တာကို ခံရနိုင်ပါသေးတယ်။ ဘယ်လိုအချက်တွေလဲဆိုတော့

(၁) သူလှပါတယ်ဆိုတဲ့ဘက်ကို သိရမယ်
လက်တစ်ဖက်နဲ့ တစ်ဖက် အတို၊ အရှည် မတူသလိုဘဲ မျက်နှာဘယ်အခြမ်းနဲ့ ညာအခြမ်းလည်း မတူပါဘူး။ ဒီတော့ တစ်ဖက်ခြမ်းက တခြားတစ်ဖက်ထက် ပိုကြည့်ကောင်းနေတတ်တာမျိုးပါ။ ကိုယ့်အမြင်မှာ ကိုယ်ဟာချစ်လို့ သူ့ကိုဘယ်လိုကြည့်ကြည့်လှတယ်ထင်ပေမယ့် ကောင်မလေးတွေကတော့ သူတို့ကိုယ် သူတို့ အဲ့လိုမတွေးပါဘူး။ ဒီတော့ သူလှပါတယ်ဆိုတဲ့ ဘက်အခြမ်းကို သိထားပါ။

(၂) သူ့အကြိုက်က Snapshot လား၊ Sexy လား၊ Cute လား
အိုက်တင်သက်သက်ကြီး လုပ်ရတာ မကြိုက်တဲ့ မိန်းကလေးတွေကတော့ ဓါတ်ပုံရိုက်တဲ့အခါ သူသတိမထားမိလိုက်တဲ့အချိန်တွေကို စောင့်ဖမ်းပြီး ရိုက်ပေးတယ်ဆိုရင် သိပ်ကိုကျေနပ်တတ်ပါတယ်။ အိုက်တင်အပေးကြမ်းတဲ့သူတွေကို ချစ်မိတဲ့သူတွေဆိုရင်တော့ ဓါတ်ပုံရိုက်ရမယ့်အချိန်တွေကို သီးသန့်ကြီး လိုက်စောင့်ဆိုင်းနေစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခါတလေတော့ Surprise အနေနဲ့ Snapshot တွေ ဖမ်းပေးနိုင်ပါတယ်နော်။ ဓါတ်ပုံရိုက်တဲ့နေရာကလည်း ကိုယ့်ချစ်သူရဲ့အကြိုက် နေရာဟုတ်၊ မဟုတ်လည်း ကြည့်တတ်ဖို့ လိုပါသေးတယ်။ သူက Romantic ဆန်ဆန်ကြိုက်သူဆိုရင် အဲ့ဒီနေရာက သူ့အတွက်ဆိုတာ သူမပြောလည်း ကြိုသိနေရင်တော့ အကောင်းဆုံးပေါ့။

(၃) သူ့အကြိုက်တွေနဲ့ထပ်တူ ရိုက်လို့ရမယ့် Idea အသစ်တွေ အမြဲလေ့လာရမယ်
ဓါတ်ပုံရိုက်ဖို့အတွက် Idea တွေဆိုတာ မနည်းမနောပါပဲ။ ဒီလိုနေရာမှာ ကောင်မလေးက ခေတ်ရှေ့ပြေးနေတယ်ဆိုရင် သင်လည်း သူပြေးသလိုပြေးနေမှ အဆင်ပြေပါလိမ့်မယ်။ ဒီလိုမှ သူက ဒီလို ဒီလိုရိုက် ဆိုပြီး နည်းလမ်းတွေပြောတဲ့အခါ သင်မျက်လုံးထဲမှာ သူပြောနေသမျှကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မှာ မဟုတ်လား။

(၄) အရပ်ပုတာနဲ့ ဝတာကို မထိခိုက်မိစေနဲ့
မိန်းကလေးတော်တော်များများက ဓါတ်ပုံထဲမှာ လှချင်တာချည်းပါပဲ။ ဒီတော့ ဝအောင် မရိုက်ပေးနဲ့လေတို့ အရပ်ရှည်အောင် ရိုက်ပေးနော်လို့ ပြောတာ ကြားဖူးကြမှာပေါ့။ သူတို့ပြောတဲ့နည်းလမ်းက လိုက်လုပ်ကြည့်ရင် ခက်ခဲတော့ အရာမဟုတ်ပါဘူး။ ဒီတော့ ဓါတ်ပုံအစွမ်းနဲ့ သူတို့အလိုကျ ဖန်တီးပေးဖို့ရာ Google ခေါက်၊ You Tube တွေ ကြည့်ပေးရမှာပေါ့။

(၅) ဓါတ်ပုံအထူးပြင်တတ်ပါစေ
တစ်ခါတလေ ရိုက်လိုက်တဲ့ပုံတော်တော်များများက ထင်ထားသလို ထွက်မလာတတ်ပါဘူး။ ဓါတ်ပုံရိုက်ပြီး မပြင်ရရင် မလှတော့ဘူးလို့လည်း မြင်နေကြတဲ့ခေတ်ဆိုတော့ ဒါက တတ်ကို တတ်ထားရမယ့် ပညာတစ်ခုလို ဖြစ်နေပါတယ်။ ကောင်မလေးအတွက်မှ မဟုတ်ဘူး။ ကိုယ့်ပုံလည်း ပြင်လို့ရတာပေါ့။ ပြီးတော့ ကိုယ့်ချစ်သူက ကိုယ်ပါမှ ဓါတ်ပုံရိုက်တာ မဟုတ်ဘူးဆိုတာကို မမေ့ထားသင့်ပါဘူး။ သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင်လည်း ရိုက်နေမှာပါပဲ။ ဒီလိုရိုက်ပြီးလို့ သူ့စိတ်ထဲ သိပ်ဘဝင်မကျတဲ့ပုံတွေကို ပြင်ချင်တဲ့အခါ သူနားပူနာဆာလာလုပ်မှာက သင် ဆိုတာ သတိရပါ။ ဒီတော့ ဓါတ်ပုံ ပြင်တတ်ဖို့က လိုကိုပါတယ်လို့ ဒီနေရာကနေ ပြောလိုက်ပါရစေ။

ချစ်သူတို့ ချစ်တိုင်း ညားပြီး ညားတိုင်းလည်း ချစ်ကြပါစေနော်

NSC (Akhayar)

www.akhayarmedia.com

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ