ချစ်တယ်လို့မပြောဘဲ မင်းကို ကိုယ်ချစ်တယ်

ချစ်တယ်လို့မပြောဘဲ မင်းကို ကိုယ်ချစ်တယ်

Piki & A Million Thoughts
ချစ်တယ်ဆိုတာ ကြည့်လိုက်ရင် စာလုံးလေးနှစ်လုံးပဲရှိတယ် ၊ ပြောလိုက်ရင်လည်း အသံနှစ်သံပဲထွက်တယ်။ ဘယ်သူမဆိုပါးစပ်ကနေ လွှတ်ကနဲပြောထွက်တယ်။ ချစ်တယ်ဆိုတာကို သမီးရည်းစားတိုင်းက အားနေယားနေပြောနေလွန်းလို့ ချစ်တယ်ဆိုတဲ့ စကားလုံးက အဓိပ္ပါယ်တောင်မဲ့လာသလိုတောင် ခံစားရတယ်။ ဒါကြောင့် ချစ်တယ်ဆိုတာကို မပြောချင်တော့ပါဘူး။ တကယ်မရည်ရွယ်ဘဲ ချစ်တယ်လို့ပြောနေကျတဲ့လူတွေကြားထဲမှာ ကိုယ်အပါအဝင်မဖြစ်ချင်ဘူး။ တစ်ခုတော့ရှိတယ်။ ချစ်တယ်လို့မပြောဘဲ ကိုယ်ချစ်နိုင်ပါတယ်။

စိတ်ဓာတ်ကျနေချိန်တွေမှာ အားပေးစကားပြောပေးမယ်။ ဒါလည်းချစ်တာပဲ။
နေမကောင်းရင် ပြုစုစောင့်ရှောက်ပေးမယ်။ ဒါလည်းချစ်တာပဲ။
အကူအညီလိုအပ်ရင် ကူညီပေးမယ်။ ဒါလည်းချစ်တာပဲ။
ဝမ်းနည်းနေတဲ့အခါ ဘေးမှာထိုင်ပြီး ငိုဖို့ပုခုံးလေး အငှားပေးမယ်။ ဒါလည်းချစ်တာပဲ။
ထမင်းမှန်မှန်စားဖို့ ၊ ဆေးမှန်မှန်သောက်ဖို့ နေ့တိုင်းသတိပေးမယ်။ ဒါလည်းချစ်တာပဲ။
လိုအပ်တာတွေကို တောင်းဆိုစရာမလိုဘူး။ အလိုက်တသိဖြည့်ဆည်းပေးမယ်။ ဒါလည်းချစ်တာပဲ။
မဟုတ်တာတွေလုပ်နေရင် မှန်ရာကိုလမ်းပြခေါ်ဆောင်ပေးမယ်။ ဒါလည်းချစ်တာပဲ။

နေ့တိုင်း တယ်လီဖုန်းလေးကိုင်ပြီး စကားတွေလာပြောမှ ချစ်တာမဟုတ်ပါဘူး။ ချစ်တယ်လို့ Emoji အခုတစ်ရာထည့်ပြီး စာတွေပို့မှ ချစ်တာမဟုတ်ပါဘူး။ အဲဒါတွေကို မင်းသိလား။

အချစ်ဆိုတာ စိတ္တဇနာမ်လို့ ငယ်ငယ်တုန်းက သင်ခဲ့ရတာ မှတ်မိလား။ ထိလို့တွေ့လို့ကိုင်တွယ်လို့ မရဘူးဆိုတာလေ။ တကယ်ကအချစ်ဆိုတာ စိတ္တဇနာမ်လည်း မဟုတ်ပြန်ဘူးလို့ ကိုယ်ကယူဆတယ်။ ကိုယ့်အတွက်တော့ အချစ်က ဒုက္ခရောက်နေရင် အမြဲရောက်လာတတ်တဲ့ လူ ၊ အချစ်က နေကောင်းလားလို့မေးနေမယ့်အစား ကိုယ်ပူလာတိုင်းပေးတဲ့လူ ၊ အချစ်က ဘာစားပြီးပြီလဲမမေးဘဲ မုန့်တွေဝယ်ကျွေးတဲ့ လူ။ ဒါကြောင့် ကိုယ့်အတွက် အချစ်ဆိုတာ လိုနေချိန်တိုင်းအမြဲရှိနေပေးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် စိတ္တဇနာမ်ဆိုတာထက်လည်း ပိုပါတယ်။ ပြောရရင် အချစ်ဆိုတာ ကိုင်တွယ်ထိတွေ့လို့ရတဲ့ လူပဲ။ ဒါကြောင့်အချစ်က တန်ဖိုးလည်းရှိတယ်။ ဘာလို့လဲဆိုတော့ လူ့အသက်ဆိုတာ တန်ဖိုးကြီးတယ်လေ။

ဒီလိုအဖိုးတန်တဲ့အရာတစ်ခုကို စကားလုံးတွေနဲ့ တန်ဖိုးမလျှော့ချစေချင်ဘူး။ ဘာလို့လဲဆိုတော့ ချစ်တယ်ဆိုတဲ့စကားလုံးက တကယ်ရည်ရွယ်ပြီးပြောမှ တန်ဖိုးရှိတာပါ။ မရည်ရွယ်ဘဲချစ်တယ်လို့ပြောတာက အချစ်ကိုစော်ကားသလိုပါပဲ။ ဒီတော့ချစ်တယ်လို့ပြောမယ့်အစား ချစ်တာကိုပဲပြလိုက်ပါ။ ဆိုရိုးစကားတောင်ရှိပါသေးတယ်။ “Action Speaks Louder Than Words” တဲ့။ ဒီတော့ ချစ်တယ်လို့ မပြောဘဲ မင်းကိုကိုယ်ချစ်ပါတယ်။

Piki (Akhayar)

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ