ကိုရီးယားဆယ်လီစုံတွဲတွေထဲက တစ်တွဲဖြစ်တဲ့ Rain နဲ့ Kim Tae Hee တို့ဟာ ယခုချိန်မှာ သတင်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့အတွက် အရမ်းကို ပျော်ရွှင်နေကြပါတယ်။

အဲ့ဒီသတင်းကောင်းကတော့ Rain ရဲ့ ဇနီးချော မင်းသမီး Kim Tae Hee မှာ ဒုတိယမြောက် ရင်သွေးလေး လွယ်ထားရပြီဆိုတဲ့ သတင်းပါပဲ။ အဲဒီသတင်းကို Kim Tae Hee ရဲ့ အေဂျင်စီဖြစ်တဲ့ BC Company က “Kim Tae Hee မှာ ဒုတိယမြောက်ရင်သွေးကို လွယ်ထားရပြီး ဒီရင်သွေးလေးကို စက်တင်ဘာလလောက်မှာ မွေးဖွားဖို့ မျှော်လင့်ရပါတယ်”ဆိုပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ Rain နဲ့ Kim Tae Hee ဟာ ကလေးနှစ်ယောက် မိဘတွေအဖြစ် ကူးပြောင်းရတော့မှာမို့ အရမ်းစိတ်လှုပ်ရှားပြီး ဝမ်းသာနေကြပါတယ်။

Kim Tae Hee ရဲ့ အေဂျင်စီက ဆက်ပြီး ပြောကြားခဲ့တာက “ Kim ဟာ အောက်တိုဘာလ ၂၀၁၇ တုန်းက ပထမရင်သွေးလေးကို မွေးဖွားတုန်းကလည်း အရမ်းစိတ်လှုပ်ရှားပြီး ရင်သွေးလေးကိုပေးသနားတဲ့အတွက် ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်ဆိုပြီး ပျော်ရွှင်ခဲ့သလိုမျိုး အခုချိန်မှာလည်း ပထမရင်သွေးလေးရတုန်းကလိုမျိုးပဲ တူညီတဲ့ ခံစားမှုမျိူးကို ခံစားနေရတုန်းပါပဲ” ဆိုပြီး ထည့်သွင်းကြေညာခဲ့ပါတယ်။

အခုချိန်မှာတော့ သူမရဲ့ အခြေအနေက တည်ငြိမ်နေပြီး ကလေးကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ကိုပဲ အာရုံစိုက်ကာ ဂရုစိုက်မှုတွေ ပြုလုပ်နေပါတယ်။
သူမကို ချစ်တဲ့မျက်စိနဲ့ စောင့်ကြည့်ပြီး အချစ်တွေပေးတဲ့အပြင် သူမရဲ့ရင်သွေးလေးရရှိတာကိုလည်း ဂုဏ်ပြုပေးကြတဲ့ ချစ်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောကြားသွားပါသေးတယ်။

ကဲ….. ပရိသတ်ကြီးလည်း Rain နဲ့ Kim Tae Hee တို့ရဲ့ တိုးလာမယ့် မိသားစုဝင်သစ်အတွက် Congratulation လို့ ပြောပေးသွားကြဖို့ မမေ့ကြပါနဲ့ဦးနော်။
H.H(Akhayar)
Discussion