အလန်းစား Digital Comics ရေးသူတွေရဲ့ Facebook Page တွေ

အလန်းစား Digital Comics ရေးသူတွေရဲ့ Facebook Page တွေ

စာအုပ်ဆိုင်တွေဆီက ကာတွန်းစာအုပ်ငှားဖတ်တဲ့ အချိန်ကုန်လွန်သွားပြီး ဒီဂျစ်တယ်ခေတ်ရောက်လာတဲ့အချိန်မှာတော့  စာအုပ်တွေကိုင်ရမယ့်အစား လက်တစ်ဝါးစာ ဖုန်းကိုင်ရင်း ဟိုစာမျက်နှာဝင် ဒီစာမျက်နှာဝင်ပြီး ကာတွန်းဖတ်ရတဲ့ ခေတ်ကို ပြောင်းသွားပြီမို့ Digital ကာတွန်းတွေဘက် လှည့်ကြရအောင်။

Myanmar Influencer Awards စာရင်းဝင်တွေဖြစ်တဲ့ Myanga ၊ Sassy Bound ၊Thee Oo’s Artvenue ၊ Cartoon Khat Thit – ခက်သစ် ၊ MK Toymaker ၊ Nolan Aung နဲ့ Purin Comics (ပူတင်း) တို့ကိုတော့ အားလုံး သိပြီးဖြစ်မှာပါ။ သူတို့တွေလိုပဲ တခြားဖတ်လို့ကောင်းတဲ့ Page တွေ အများကြီးရှိပါသေးတယ်။ အဲ့ဒီထဲက တချို့ကို အခရာက ပြောပြပေးလိုက်တယ်နော်။

Tea Animation Studio
Pencell နဲ့ Joosk တို့လို Animation Studio ဖြစ်တဲ့ Tea ဟာ သူတို့ရဲ့ Page မှာ သူတို့ရဲ့ Mascot တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ လက်ဖက်ရွက်နဲ့ ငရုတ်သီးစိမ်းတို့ကို ကိုယ်စားပြုပြီး တစ်ခန်းရပ် ကာတွန်းလေးတွေကို ဖန်တီးတတ်တဲ့အပြင် ပုံပြင်ထဲက မြို့တော်လို့ နာမည်ပေးထားတဲ့ ဂျပွေး အခန်းဆက်ကာတွန်းလေးကိုလည်း တင်တတ်ပါတယ်။ ဂျပွေးတို့သူငယ်ချင်းတွေက စူးစမ်းရှာဖွေတတ်တဲ့အရွယ်မို့ ကျောက်ဖျာကြီးကို တွန်းမိပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုကို ရောက်သွားတဲ့အကြောင်း သရုပ်ဖော်ထားတဲ့ ဂျပွေးကာတွန်းကိုဖတ်ချင်ရင်တော့ Tea Animation Studio ရဲ့ Page မှာ သွားဖတ်နိုင်ပါတယ်။ Tea ရဲ့ Founder ကတော့ တခြားသူမဟုတ်ပါဘူး။ ပုဂံသူရဲကောင်းတွေအကြောင်း Animation ဆွဲထားတဲ့ MG SHINO ပဲ ဖြစ်ပါတယ်။

Ko Sai (Manga artist)
မျက်မှန်တပ်ထားတဲ့ ပုတိုတို (Chibi) ကောင်လေးကတော့ ဒီ Page ရဲ့ ပင်တိုင်ဇာတ်ကောင်ဖြစ်ပါတယ်။ တခါတလေ ကာတွန်းတစ်ကွက်လောက်ပဲ ဆွဲထားပေမယ့် ဖတ်မိသူတွေရဲ့ ရင်ကိုထိသွားစေနိုင်တဲ့အထိ ဒါမှမဟုတ် ပြုံးမိသွားစေတဲ့အထိ ပုံဖော်ထားလေ့ရှိပါတယ်။ တခါတလေလည်း Drawing Tutorial တွေလည်း Page မှာ တင်ပေးလေ့ရှိပါသေးတယ်။ ကာတွန်းတွေဖတ်ရုံမဟုတ်ဘဲ ပုံဆွဲတာပါ ဝါသနာပါသူတွေအတွက်ဆိုရင်တော့ ဒီ Page က အသင့်တော်ဆုံးဖြစ်မှာပါ။ Ko Sai ဟာ Nolan Aung ဖြစ်သလို Nolan Aung ဟာလည်း Ko Sai ပါပဲနော်။

Azul Crescent Art
Azul Crescent က လည်စည်းပတ်လေးနဲ့ ဆံပင်ပန်းရောင်ရှိတဲ့ ကောင်မလေးရဲ့ ပုံပန်းသွင်ပြင်ကို ပင်တိုင်ပုံဖော်ရေးဆွဲလေ့ ရှိပါတယ်။ ကာတွန်းတော်တော်များများက အင်္ဂလိပ်လိုရေးထားတာကို တွေ့ရပါလိမ့်မယ်။ သူ့ပုံတွေရဲ့အောက်မှာ Daily Life of Dia ဆိုပြီး ရေးထားသလိုပဲ  Dia ရဲ့ နေ့စဉ်ဘဝမှာ ဖြစ်ပျက်တတ်တဲ့ အကြောင်းအရာတွေကို ပုံဖော်ထားတာပါ။ တခါတလေ စာမဲ့ကာတွန်းကွက်တွေလည်း ရေးတတ်ပါတယ်။ Azul Crescent ဟာ ခုလတ်တလောလေးကမှ ထွက်ရှိထားတဲ့ ဒိုင်း မြန်မာရုပ်ပြစုစည်းမှု စာအုပ်မှာလည်း ပါဝင်ထားသူတစ်ဦး ဖြစ်ပါတယ်။

Friday Morning
ဒီ Page မှာတော့ ဝါရင့်ကာတွန်းဆရာကြီးတွေရဲ့ လက်ရာကို မြင်ရမှာ ဖြစ်ပါတယ်။ ကာတွန်းတစ်ကွက်တည်းနဲ့ ထိထိမိမိ ရှိလှတဲ့ ကာတွန်းဆရာကြီးတွေရဲ့ လက်ရာတွေကို မြင်ချင်တယ်ဆိုရင်တော့ Friday Morning က ပရိသတ်ကြီးအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ ဒါချည်းပဲလားဆိုတော့ မဟုတ်သေးပါဘူး Friday Morning ရဲ့ လက်ရာဖြစ်တဲ့ ပျာယာယာ နိုယာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကာတွန်းကိုပါ ဖတ်ရဦးမှာဖြစ်ပါတယ်။

Jackie’s Jibberishes
Jackie ကတော့ Azul လိုပဲ ဒိုင်း မြန်မာရုပ်ပြစုစည်းမှု စာအုပ်မှာ ပါဝင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းတစ်ခြမ်းစောင်းနေတဲ့ Page Profile Picture ကိုက အထာကျနေပြီးသားပါ။ တစ်ခုရှိတာကတော့ သူ့ Jackie Jibberishes Page က Active တော့ သိပ်မဖြစ်ပါဘူး။ တင်ပြီဆိုရင်လည်း ကာတွန်းတစ်ကွက်ဆို တစ်ကွက် ထိထိမိမိရှိလှပါတယ်။ Page ကို ဝင်ကြည့်ဖို့အတွက်တော့ သူက ဒီလိုတားမြစ်ချက်လေးတွေ ထားရှိထားပါတယ်။

Mg Yair
ဒီ Page လေးကတော့ ပြီးခဲ့တဲ့ ၂၀၁၉၊ မေလလယ်လောက်ကမှ ထောင်ထားတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ပုံဆွဲသူကိုယ်တိုင်က ကိုယ်ပိုင်အကောင့်နဲ့ ကာတွန်းတွေ တင်လေ့ရှိပါတယ်။ ကာတွန်းဇာတ်ကောင်ကို ကြည့်ပြီး စိတ်နေစိတ်ထားကို ခန့်မှန်းရတာတော့ တော်တော်လေးပွင့်ပွင့်လင်းလင်းနေတတ်တဲ့ Type ထဲမှာ ပါပါတယ်။ ခပ်ဆိုးဆိုး ယောက်ျားလေးတစ်ယောက်ရဲ့ ပုံစံကို တွေ့ရမှာပါ။ စိတ်ပေါက်ပေါက်နဲ့ လုပ်ချင်ရာလုပ်နေတတ်တဲ့ ပုံစံကို ကြိုက်တယ်ဆိုရင်တော့ Mg Yair Page က ကွက်တိဖြစ်စေမှာပါ။

အခုဖော်ပြပေးထားတဲ့ Digital Artist တွေရဲ့ ကာတွန်းတွေကို စိတ်ဝင်စားလို့ ဖတ်ချင်တယ်ဆိုရင်တော့ သူတို့နာမည်တွေကို နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်။ ပရိသတ်တွေမှာလည်း ကိုယ်အကြိုက်တွေ့တဲ့ Artist တွေရဲ့ Page တွေ ရှိရင်လည်း ထည့်ပေါင်းထည့်ခဲ့ပေးဖို့ မမေ့နဲ့နော်။

Photo Credit – MG SHINO, Facebook Page

NSC (Akhayar)

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ