ကိုယ့်ရဲ့ Comfort Zone ထဲကနေ ဘာကြောင့်ထွက်သင့်တာလဲ

ကိုယ့်ရဲ့ Comfort Zone ထဲကနေ ဘာကြောင့်ထွက်သင့်တာလဲ

Comfort Zone ကို လူတွေကတစ်ယောက်တစ်မျိုးအဓိပ္ပါယ်ဖွင့်ကြတယ်။ အဓိပ္ပါယ်ဖွင့်ချက်တွေအများကြီးထဲမှာမှ ကျွန်မအကြိုက်ဆုံးတစ်ခုက ” Comfort Zone ဆိုတာ တစ်စုံတစ်ယောက်က ကိုယ့်သဘောအတိုင်းပြုမူနေထိုင်တဲ့နေရာဖြစ်တယ်။ ဒီနေရာဟာ စိတ်ဖိစီးမှုတွေ ၊ အရဲစွန့်မှုတွေအနည်းဆုံးဖြစ်တဲ့ အချိန်ဇယားတွေနဲ့လမ်းစဉ်တွေက ကိုယ့်ရဲ့ပြုမူနေထိုင်ပုံနဲ့ကိုက်ညီတဲ့နေရာဖြစ်တယ်။

လူတိုင်းအတွက် Comfort Zone ဆိုတာ အန္တရာယ်ကင်းပြီး စိတ်အေးအေးနေနိုင်တဲ့နေရာဖြစ်တယ်။ ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေးနေနိုင်တဲ့နေရာဖြစ်တဲ့အတွက် လူတွေက Comfort Zone လေးထဲမှာပဲနေချင်ကြတယ်။ Comfort Zone ထဲမှာနေတာက မကောင်းဘူးလို့မပြောပါဘူး။ လူတိုင်းဘဝမှာရှင်သန်တဲ့အခါ ခဏလေးနားဖို့တော့လိုတာပါပဲ။ ဒါပေမယ့် Comfort Zone ထဲဝင်ပြီးသွားရင်တော်တော်နဲ့ပြန်မထွက်ချင်ကြတော့ဘူး။ ကျွန်မတို့တွေတိုးတက်ဖို့တစ်ခုတည်းသောနည်းက Comfort Zone ထဲကထွက်ဖို့ပါပဲ။ Comfort Zone ထဲကထွက်ဖို့လိုတာက

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုမြှင့်တင်ဖို့ပါ
Comfort Zone ထဲမှာနေနေတဲ့အဓိကအကြောင်းအရင်းက အပြင်လောကကြီးက အခက်အခဲတွေ ၊ ပြဿနာတွေကို မရင်ဆိုင်ရဲလို့ ၊ ကိုယ်ကဒီပြဿနာတွေကိုရင်ဆိုင်နိုင်စွမ်းမရှိဘူးလို့ထင်လို့ မထွက်ရဲတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာဖို့အတွက် Comfort Zone ထဲကထွက်ပြီး အပြင်လောကရဲ့ကြမ်းတမ်းမှုတွေကိုရင်ဆိုင်ဖို့လိုပါတယ်။

ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကိုရှာဖွေတွေ့ရှိနိုင်တယ်
ဘယ်အရာမဆိုစမ်းလုပ်ကြည့်မှကြိုက်တယ်မကြိုက်ဘူးဆိုတာသိရတာပါ။ ဒီလိုပဲ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ် ၊ ကိုယ်ကြိုက်နှစ်သက်တဲ့လေ့လာမှုဆိုတာ စမ်းပြီးတော့လုပ်ကြည့်မှ ရှာဖွေတွေ့ရှိနိုင်တာပါ။ ဒီလိုစမ်းပြီးတော့လုပ်ဖို့ဆိုတာက Comfort Zone ထဲကနေထွက်မှရမှာပါ။ Comfort Zone ထဲမှာပဲနေနေရင် ဘာအသစ်အဆန်းကိုမှလုပ်လို့ရမှာမဟုတ်ပါဘူး။ စိတ်ပညာပိုင်းဆိုင်ရာအရ လူတစ်ယောက်ရဲ့ Comfort Zone ဆိုတာ များသောအားဖြင့် သူတို့ရဲ့အိမ်ပဲဖြစ်ကြတယ်တဲ့။ အိမ်မှာပဲနေရင် သေချာပါတယ် ၊ ဘာအသစ်အဆန်းမှလုပ်လို့ရမှာမဟုတ်ဘူး။ ကိုယ်ကဘာလုပ်ရတာကိုနှစ်သက်တယ်ဆိုတဲ့ ကိုယ့်ရဲ့ Passion ဆိုတာဘာမှန်းတောင်သိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ကိုယ့်ရဲ့ Passion လို့ပြောလို့ရမယ့် ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကိုရှာဖွေတွေ့ရှိချင်ရင် Comfort Zone ထဲကနေထွက်ဖို့လိုပါလိမ့်မယ်။ လုပ်ချင်စရာဘာမှမရှိဘူးဆိုရင် ဘဝကြီးကပျင်းစရာကြီးဖြစ်နေမှာလေ။

အသစ်အဆန်းတွေကိုစမ်းကြည့်တာက ကိုယ့်ကိုပိုပြီးတီထွင်ဆန်းသစ်နိုင်စွမ်းရှိစေလို့ပါ
Comfort Zone ထဲကနေထွက်ပြီး ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့အရာတွေကိုလုပ်တာက ကိုယ့်ရဲ့တီထွင်ဆန်းသစ်နိုင်စွမ်းကိုမြင့်တက်လာစေတယ်။ ပြောရရင်ကွာ ကိုယ်ကမလုပ်ဖူးတာကိုလုပ်ရမှာမို့လို့ ဘယ်လိုလုပ်သင့်တယ် ၊ ဘယ်ကစလုပ်မယ် စသဖြင့်တွေးဆလာရတယ်။ ပြီးတော့ကိုယ်က Comfort Zone ထဲကနေတစ်ခါထွက်ပြီးရင် နောက်တစ်ခေါက်ထွက်ဖို့ဝင်မလေးတော့ဘူး။ တီထွင်နိုင်စွမ်းဆိုတာ ခဏခဏလုပ်ဆောင်ခြင်းတွေကနေလာတယ်။ Comfort Zone ထဲကနေထွက်တာက အတွေကအကြုံတွေရဖို့ကိုယ့်စိတ်ကိုဖွင့်ထားတာနဲ့တူတယ်။ အတွေ့အကြုံတွေရယူဖို့စိတ်ကိုဖွင့်ထားတာက အသိပညာပိုင်းဆိုင်ရာသိလိုမှု ၊ စိတ်ကူးယဉ်မှု ၊ ခံစားချက်တွေနဲ့ ထူးဆန်းထွေလာတွေကိုစိတ်ဝင်စားမှုဆိုပြီးပြောတယ်။ ဒီလက္ခဏာတွေက တီထွင်ဆန်းသစ်နိုင်မှုရဲ့ရှေ့ပြေးလက္ခဏာတွေဖြစ်ကြတာကြောင့် Comfort Zone ထဲကထွက်ပြီး Creative ဖြစ်အောင်နေဖို့လိုပါတယ်။

အရဲစွန့်တာကကိုယ့်ကိုရင့်ကျက်စေတယ်
ကျွန်မတို့ဟာကမွေးကတည်းကစွန့်စားတဲ့သူတွေပါ။ ဒါပေမယ့်အသက်တွေကြီးလာတာနဲ့ ရှုံးနိမ့်မှုကို ကြောက်ရွံ့လာတာကြောင့် လုပ်သင့်တာကိုမလုပ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လာကြတယ် ၊ ကိုယ့်ကိုယ်ကိုယ်ဆွဲထားကြတယ်။ ဒါကကျွန်မတို့ရဲ့ဖြစ်နိုင်ခြေအများကြီးရှိတဲ့ ရင့်ကျက်မှုတွေနဲ့ပြောင်းလဲမှုတွေကို ထိခိုက်စေတဲ့အချက်ဖြစ်တယ်။ ရှုံးနိမ့်မှုကိုကြောက်ရွံ့တာက အရဲစွန့်မှုတွေမလုပ်တော့ဘဲ Comfort Zone ထဲပဲနေနေတာရဲ့ တရားခံဖြစ်တယ်။ အရဲစွန့်မှ ရှုံးနိမ့်မှုတွေ ၊ အမှားတွေကိုကြုံတွေ့နိုင်တာဖြစ်ပြီး ဒီအရာတွေကနေ သင်ခန်းစာယူရင်း ရင့်ကျက်မှုကိုရှာဖွေရတာပဲဖြစ်ပါတယ်။

Milestone တစ်ခုကိုအရောက်လှမ်းနိုင်ရင် နောက်တစ်ခုကိုရောက်ဖို့လွယ်သွားတာကြောင့်ပါ
ကျွန်မတို့တွေဘဝမှာလုပ်နေတဲ့အကြီးမားဆုံးအမှားတစ်ခု ပထမဆုံးခြေလှမ်းကို မလှမ်းရဲတာ။ကျွန်မတို့တွေကရှုံးနိမ့်တယ်ဆိုတာကို ကြောက်တာနဲ့ပဲ စလုပ်ဖို့ကိုမကြိုးစားရဲတော့ဘူး။ ဒါပေမယ့်အမှန်တကယ်က ကိုယ်ဟာတစ်ခုခုကိုအောင်မြင်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင် နောက်တစ်ခုကိုအောင်မြင်အောင်လုပ်ဖို့ကအရမ်းကိုလွယ်သွားပြီဆိုတာပါ။ ဘာလို့လဲဆိုတော့ တစ်ခုခုကိုအောင်မြင်အောင်လုပ်နိုင်ရင် “ငါဒါကိုလုပ်နိုင်တယ် ၊ ထင်သလောက်လည်းမခက်ပါလား ၊ နောက်တစ်ခုလောက်စမ်းလုပ်ကြည့်ရအောင်” ဆိုတဲ့စိတ်ဓာတ်တွေပေါ်ပေါက်လာနိုင်တာကြောင့်ပါ။ ဒီလိုစိတ်ဓာတ်မျိုးရှိရင် ဘယ်အရာမဆိုအလွယ်တကူလုပ်နိုင်သွားမှာပါ။ အရေးကြီးတာက ပထမဆုံးခြေလှမ်းကိုလှမ်းဖို့အတွက် Comfort Zone ထဲကနေထွက်ဖို့ပါပဲ။

ဒီတော့ကိုယ်ကဘဝမှာအရေးပါတဲ့သူတစ်ယောက်ဖြစ်ချင်တယ် ၊ ဘဝမှာအကျိုးရှိရှိနေချင်တယ် ၊ ရင့်ကျက်ပြီး တီထွင်ဆန်းသစ်နိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ် ယုတ်စွအဆုံးကွာ “ဖြစ်ချင်တယ်”ဆိုတဲ့ စိတ်လေးရှိနေမယ်ဆိုရင် Comfort Zone ထဲမှာပဲ မွေ့လျော်မနေဘဲ အပြင်လောကကြီးကိုထိတွေ့ဖို့တိုက်တွန်းချင်ပါတယ်။

Piki (Akhayar)

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ