Huawei laptop အတွက်ခြေလှမ်းသစ်
အမေရိကန် သည် Huawei အားပိတ်ဆို့အရေးယူမှုများကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ၎င်း၏ကိုယ်ပိုင်ကွန်ပျူတာများတွင် အမေရိကန် hardwareနှင့် softwareများကို ဖယ်ရှားဖို့ရာအရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
HiSilicon မှ ထုတ်လုပ်သော Huawei ၏ Kirin X90 chipသည် လုံခြုံရေးပိုင်းစိတ်ချရမှုအတွက် နိုင်ငံအတွင်းအဆင့် 2 အသိအမှတ်ပြုလက်မှတ်ကို ရရှိထားကြောင်း China Information Technology Security Evaluation Center မှ အတည်ပြုပြောကြားခဲ့သည်။ အသိအမှတ်ပြုလက်မှတ်သည် ပြည်တွင်း၌ ဒီဇိုင်းထုတ်ထားသော CPU များ၊ ကွန်ပျူတာများနှင့် ဆာဗာများ၏ လုံခြုံရေးအတွက် ပိုမိုကောင်းမွန်တယ်လို့ပြောထားပါတယ်။
Qingyun W515x PC နှင့် Qingyun L540 လက်တော့ပ်များတွင် အသုံးပြုသည့် Huawei ၏ Kirin 9000C နှင့် Kirin 9006C တို့သည် အလားတူ certificate ရရှိထားပြီးဖြစ်သည်။
၎င်း laptop များသည်ပုံမှန်အားဖြင့် Intel Core ပရိုဆက်ဆာများကို အသုံးပြုထားသော်လည်း Huawei ၏Windows လိုင်စင်သည် ယခုလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ယခုနှစ်နှောင်းပိုင်းတွင် HarmonyOS သုံး PC များကို ရောင်းချရန်စီစဉ်ထားသည်။
Canalys ၏ အဆိုအရ Huawei ၏ PC လုပ်ငန်းသည် 2024 ခုနှစ်တွင် အလုံးရေ 4.3 သန်း တင်ပို့ခဲ့ပြီး Lenovo (35%)နှင့် Huawei ကတရုတ်စျေးကွက်ကို 11% ကိုထိရရှိထားပြီလို့လဲသိရပါသည်။