လာမယ့်လအနည်းငယ်အတွင်း Air smartphone တွေရဲ့ လှိုင်းလုံးကြီး ရောက်လာမယ့်ပုံပေါ်နေပါတယ်။ Samsung က Galaxy S25 Edge နဲ့ စတင်ခဲ့ပြီး Apple ရဲ့ Air trend ကို အခြား brand တွေ လိုက်လာကြပါတယ်။ Tecno, Nubia တို့ကလည်း slim နဲ့ air ဖုန်းတွေထုတ်ခဲ့သလို Motorola က တရုတ်မှာ Motorola X70 Air (global မှာ Edge 70) ထုတ်ခဲ့သလို အခု Huawei ကလည်း Mate 70 Air နဲ့ ပါဝင်လာပါပြီ။
Huawei Mate 70 Air ဟာ လာမယ့်လမှာ တရားဝင်ထွက်ရှိလာမှာဖြစ်ပါတယ်။ ယနေ့ ပေါက်ကြားလာတဲ့ poster မှာ ဖုန်းရဲ့ ဒီဇိုင်းကို မြင်တွေ့ရပါတယ်။ Poster မှာ ပြထားသလို ဖုန်းက curved မဟုတ်ပေမယ့် ပါးတာကတော့ ပါးမှာပါ။
သတင်းတွေအရ ဒီမော်ဒယ်အသစ်က 6mm အထူ ဖြစ်မှာပါ။ Apple ရဲ့ iPhone Air (5.5mm) ထက် နည်းနည်းထူပေမယ့် Huawei ဖုန်းမှာ physical SIM slot ပါပြီး iPhone Air ရဲ့ ဘက်ထရီသေးသေးထက် ပိုကြီးတဲ့ ဘက်ထရီ ပါနိုင်ပါတယ်။
Huawei Mate 70 Air မှာ 6.9 လက်မ screen ကြီးပါမှာဖြစ်ပြီး တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ 1.5K resolution ရှိမှာပါ။ 16GB RAM နဲ့အတူ main camera မှာ 1/1.3" type sensor ပါမှာပါ။ Apple ရဲ့ iPhone Air က eSIM သီးသန့်သုံးရတာနဲ့ မတူဘဲ physical SIM ပါတာက အချို့အသုံးပြုသူတွေအတွက် အားသာချက် ဖြစ်နိုင်ပါတယ်။
ဖုန်းက HarmonyOS 5.1 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး အနက်၊ အဖြူနဲ့ ရွှေရောင် သုံးမျိုး ရရှိနိုင်မှာပါ။ Huawei flagship တွေမှာ ပုံမှန်အတိုင်း Mate 70 Air မှာ ဘယ် chipset ပါမလဲဆိုတာ မသိရသေးပါဘူး။ လာမယ့်ရက်သတ္တပတ်တွေမှာ အသေးစိတ်အချက်အလက်တွေ ပိုသိလာရမယ်လို့ မျှော်လင့်ရပါတယ်။
Huawei ရဲ့ AIR version ဖြစ်လာမယ့် Huawei Mate 70 Air
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion