အိန္ဒိယနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ အလေ့အထတွေက

အိန္ဒိယနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ အလေ့အထတွေက

မတူကွဲပြားမှုတွေထဲကမှ စည်းလုံးညီညွတ်မှုကိုအဓိကဖော်ဆောင်တဲ့ India နိုင်ငံရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံလေးတွေကိုပြောပြပေးချင်ပါတယ်။
အိန္ဒိယလူမျိုးတွေက ရှေးအရမ်းကျတဲ့လူမျိုးနွယ်စုလို့လည်းဖြစ်သလို အိန္ဒိယမှာရှိတဲ့ Indus  ချိုင့်ဝှမ်းကလည်းကမ္ဘာပေါ်မှာပထမဆုံးလူဦးရေးထွန်းကားခဲ့တဲ့ဒေသလည်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံကိုတော့ အပိုင်းလေးပိုင်းခွဲခြားထားပြီးတော့ မြို့ပြကြီးတွေအလိုက်မတူညီတဲ့ယဉ်ကျေးမှုတွေရှိနေခဲ့ပါတယ်။ New Dehli ကတော့မြောက်အိန္ဒိယရဲ့အဓိကမြို့တော် ၊ အရှေ့အိန္ဒိယမှာတော့  Kolkata ၊ အနောက်ဘက်မှာက Mumbai ၊ တောင်အိန္ဒိယရဲ့မြို့တော်က Chennai ပဲဖြစ်ပါတယ်။

Photo Credit- Azimo Blog


တစ်နိုင်ငံလုံးမှာရှိတဲ့အိန္ဒိယလူမျိူးတွေက သူတို့နေထိုင်ရာဒေသအလိုက်အစားအသောက်တွေကလည်းကွဲပြားခြားနားကြပါတယ်။ ဥပမာ မြောက်အိန္ဒိယလူမျိုးတွေက ဂျုံကိုတော့သူတို့ရဲ့အဓိကအစားအသောက်တစ်ခုအနေနဲ့စားကြပြီး တောင်အိန္ဒိယလူမျိုးတွေနဲ့ ဆန်နဲ့ပဲကိုအဓိကစားသုံးကြပါတယ်။ အိန္ဒိယလူမျိုးတော်တော်များများကတော့ Vegetarian တွေပဲဖြစ်ပါတယ်။ အော်ဒါနဲ့ သူတို့မှာ လက်ဖက်ရည်ကတော့ သူတို့လူမျိုးတွေအတွက်တော့ တစ်နေ့တာအတွပ်အင်အားလို့လည်းပြောလို့ရပါတယ်။

သူတို့ရဲ့ယုံကြည်ကိုးကွယ်မှုတွေကလည်း လူမျိုးစုအလိုက်ကွဲပြားခြားနားကြပါတယ်။ အဓိကကိုးကွယ်ကြတဲ့ ဘာသာတွေက Namely ,  Hinduism , Buddhism , Jainism နဲ့ Sikhism တွေပဲဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ အိန္ဒိယလူမျိုးတွေမှာ ရိုးရာနတ်တွေကိုးကွယ်တာလည်းတွေ့ရတယ်။အိန္ဒိယလူမျိုးတွေ ဘာသာရေးယုံကြည်မှုအပေါ်တွေမှာလည်း သက်ဝင်နက်ရှိုင်းမှုအတော်လေးအားကောင်းကြပါတယ်။ အထိမ်းအမှတ်အဆောက်အအုံတွေ၊ မော်ကွန်းတိုင်ရုပ်ထုတွေကလည်း အိန္ဒိယလူမျိုးတွေအတွက် အလေးထားစရာအဆောက်အအုံတွေလည်းဖြစ်သလို ကမ္ဘာလည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေတည်ရှိတဲ့နေရာတွေလည်းဖြစ်ပါတယ်။
သမိုင်းဝင်အဆောက်အအုံတွေထဲကမှ Taj Mahal (တမာဟောဟ်) ၊တန်ကျဝေါ မှာရှိတဲ့ဘယဟာတိဘုရားကျောင်း ၊ Harmandir Sahib , Ajanta Ellora ဂူ စသည်ဖြင့် ဒီလိုအဆောက်အအုံတွေက ကမ္ဘာသက်တမ်းအကြာဆုံးသမိုင်းဝင်ရှေးဟောင်း အဆောက်အအုံတွေပဲဖြစ်ပါတယ်။

Kelly - Akhayar Lifestyle

Photo Credit - Culture.Tip

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ