Internet speed ကို 1 Million GB/s အထိဖန်တီးပြခဲ့တဲ့ Japan

Internet speed ကို 1 Million GB/s အထိဖန်တီးပြခဲ့တဲ့ Japan

ဂျပန်နိုင်ငံက အင်တာနက်မြန်နှုန်းအတွက် သမိုင်းတင်မည့်မှတ်တိုင်သစ်ခုကို ရရှိခဲ့ပြီး 1.02 Pb/s(1020000GB/s) အထိမြန်နှုန်းရှိပါတယ်။ ဒါကို ၁၈၀၈ ကီလိုမီတာအကွာအဝေးနေရာမှာ ပြုလုပ်နိုင်ခဲ့ပြီး ၀.၁၂၅ မီလီမီတာ ၁၉-core optical fiber cableအသစ်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒီ ultra-thin fiber ဟာ သမားရိုးကျဖိုင်ဘာတွေနဲ့မတူပဲ ဒေတာပမာဏကြီးကြီးမားမားများကိုပါဆက်သွယ်ပို့လွှတ်နိုင်ပါတယ်။ဒါကြောင့် AI, 6G, နဲ့ Internet of Things (IoT) ကဲ့သို့သော နည်းပညာအသစ်များအတွက် အလွန်အရေးကြီးတဲ့အထောက်အကူပြုနည်းပညာသစ်ဖြစ် အသုံးဝင်လာတော့မှာပါ။

ဒီဆန်းသစ်မှုရဲ့ ထူးခြားချက်ကတော့ အလွန်ဝေးကွာသောအကွာအဝေးများတွင်တောင် မြန်နှုန်းအလွန်မြင့်မားမှုကို ထိန်းထားနိုင်တယ်ဆိုတာပါပဲ။ ယခင်နည်းပညာတွေနဲ့မတူဘဲ ဒီဖိုင်ဘာအသစ်က ဒေတာလမ်းမတစ်လမ်းတည်းမဟုတ်ပဲအရေအတွက်အားဖြင့် ၁၉ လမ်းလောက်ထိ ဖြန့်ကြက်နိုင်သော expressway တစ်ခုကဲ့သို့စွမ်းဆောင်နိုင်ပါတယ်။

ဒါဟာ အနာဂတ်ရဲ့ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတည်ဆောက်မှုအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုအဖြစ်သတ်မှတ်လို့ရပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

UEFA Nations League Semi-Final ဂျာမနီ - ပေါ်တူဂီ (5 June 2025/ 1:30 am) ၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲက ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေပြီး ဒီတစ်ပတ်ကြားရက်မှာ ဆီမီးဖိုင်နယ်ပွဲတွ

AI မော်ဒယ်အသစ်ဖန်တီးဖို့ Google Gemini ကို သုံးခဲ့တဲ့ DeepSeek

AI မော်ဒယ်အသစ်ဖန်တီးဖို့ Google Gemini ကို သုံးခဲ့တဲ့ DeepSeek

မကြာသေးခင်ကပဲ DeepSeek ကနေ သင်္ချာနဲ့ Coding ပိုင်းတွေအတွက် အတော်လေးအဆင့်မြှင့်ထားတဲ့ R1 Reasoning AI မော်ဒယ်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမော်ဒယ်ကို ဘယ်လိုမျိုးဖန်တီးထားလဲဆိ

iPhone အလုံးရေ ၂၀ ဖြင့် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်

iPhone အလုံးရေ ၂၀ ဖြင့် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်

ဒီသတင်းက မနှစ်ကစက်တင်ဘာလောက်တုန်းက ထွက်ခဲ့သေးတယ်။ အဲ့တုန်းကတော့ ရုပ်ရှင်တစ်ခုလုံးကို iPhone 15 Pro Max အသုံးပြုပြီး ရိုက်ကူးတဲ့ ပထမဆုံးရုံတင်ကားရယ်လို့ ပြောခဲ့ကြ

နှစ်ပေါင်း (၁၀၀) အသုံးပြုနိုင်မည့် Battery

နှစ်ပေါင်း (၁၀၀) အသုံးပြုနိုင်မည့် Battery

တရုတ်က အကြွေစေ့အရွယ် နျူကလီးယားဘက်ထရီကို မိတ်ဆက်ခဲ့ပြီး နှစ် 100အသုံးပြုခံနိုင်မည်လို့ဆိုထားပါသည်။ တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Betavolt သည် betavoltaic စွမ်းအင်ကိုအသုံးပြ