iOS 19 မှာ Gemini AI ထည့်သွင်းဖို့ Google CEO မျှော်လင့်နေ

ဖေဖော်ဝါရီလတုန်းက iOS 18.4 Beta မှာ တွေ့ရှိခဲ့တဲ့ Code တချို့အရ Apple အနေနဲ့ Google ရဲ့ Gemini ကို Apple Intelligence ထဲထည့်သွင်းဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။ ChatGPT အတွက် OpenAI နဲ့ ပူးပေါင်းပြီးနောက် Google နဲ့ရော ပူးပေါင်းမှုတွေ ရှိလာမလားဆိုပြီး သို့လော သို့လော အပြောများခဲ့ကြတာပါပဲ။

Google CEO Sundar Pochai ကနေ လက်ရှိတရားစွဲဆိုမှုတွေအတွက် တရားရုံးမှာဖြေရှင်းနေရင်း Gemini ကို ဒီနှစ်အတွင်း iOS ထဲမှာ အရေးပါတဲ့ Built-in AI တစ်ခုအဖြစ် ထည့်သွင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

Sundar Pochai အဆိုအရ Apple CEO Tim Cook နဲ့အတူ 2024 တစ်နှစ်ပတ်လုံး ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တောက်လျှောက်ဆိုသလို ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း Google CEO အနေနဲ့ ဒီနှစ်ထဲမှာတော့ တွေ့ရနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောရမှာပါ။ ဇွန်လမှာ မိတ်ဆက်လာနိုင်မယ့် iOS 19 beta မှာတော့ Google Gemini ဟာ ChatGPT လိုမျိုး Apple Intelligence မှာ Built-in AI အဖြစ် ပါဝင်လာဖို့ များနေတယ်လို့ ဆိုရမှာပါ။