IOS 26 မှာ Liquid Glass ဒီဇိုင်းအတွက် Clear နဲ့ Tinted ကြိုက်ရာရွေးချယ်နိုင်တော့မယ်
Apple က သူတို့ရဲ့ Liquid Glass ဒီဇိုင်းကို အသုံးပြုသူတွေ စိတ်ကြိုက် ပြင်ဆင်နိုင်အောင် feature အသစ်တစ်ခု ထုတ်လုပ်လိုက်ပါပြီ။ iOS 26.1, iPadOS 26.1 နဲ့ macOS 26.1 beta update အသစ်မှာ Liquid Glass ရဲ့ ပုံစံကိုကို Clear or Tinted အဖြစ် ကြိုက်ရာသတ်မှတ်နိုင်တဲ့ setting အသစ် ပါဝင်လာပါတယ်။
ဒီ feature ထပ်ထည့်မှုက Apple အနေနဲ့ iOS 26, iPadOS 26 နဲ့ macOS 26 စတင်မိတ်ဆက်ပြီး နောက်မှာမှာ အသုံးပြုသူတွေရဲ့ အသံတွေကို နားထောင်နေကြောင်း ပြသနေပါတယ်။ Apple က အပြောင်းအလဲကြီးတွေ လုပ်လေ့ရှိပေမယ့် လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲသူတွေအတွက် ရွေးချယ်စရာတွေလည်း ပေးလေ့ရှိပါတယ်။
2021 ခုနှစ်မှာ Safari ရဲ့ address bar ကို screen အောက်ခြေကို ရွှေ့ခဲ့တုန်းကလည်း အလားတူပဲ ဖြစ်ခဲ့ပါတယ်။ အသုံးပြုသူတွေရဲ့ ဝေဖန်မှုတွေကြောင့် bar ကို screen အပေါ်ကို ပြန်ရွှေ့နိုင်တဲ့ option ထည့်ပေးခဲ့ရပါတယ်။
iOS 26 နဲ့အတူ ပါလာတဲ့ Liquid Glass user interface အသစ်ဟာ 2013 ခုနှစ်က skeuomorphic ဒီဇိုင်းကနေ flat design ကို ပြောင်းပြီးနောက်ပိုင်း Apple ရဲ့ အကြီးမားဆုံး ဒီဇိုင်းပြောင်းလဲမှု ဖြစ်ပါတယ်။ အပြောင်းအလဲကြီးတိုင်းလိုပဲ လူတိုင်း သဘောမကျပါဘူး။
အချို့က Liquid Glass ဒီဇိုင်းကြောင့် notification တွေ၊ Apple Music လို app တွေမှာ navigation control တွေ ဖတ်ရခက်လာတယ်လို့ ပြောကြပါတယ်။ အချို့ကတော့ Liquid Glass ရဲ့ ပုံစံအသစ်ကို နှစ်သက်ကြပါတယ်။
9to5Mac က ပထမဆုံး တွေ့ရှိခဲ့တဲ့ ဒီ feature ကို iOS 26.1 beta 4 နဲ့ tablet, desktop update တွေမှာ ပါဝင်လာပါတယ်။ Beta အသုံးပြုသူတွေက Settings အောက်က "Display & Brightness" menu မှာ Liquid Glass menu option အသစ်ကို တွေ့နိုင်ပါတယ်။ Mac မှာတော့ System Settings ထဲက "Appearance" အောက်မှာ ရှိပါတယ်။
Clear နဲ့ Tinted ဆိုပြီး option နှစ်ခု ရွေးချယ်နိုင်ပါတယ်။ Tinted က interface element တွေရဲ့ opacity ကို တိုးပေးပြီး မြင်ရလွယ်ကူစေပါတယ်။ အချို့အသုံးပြုသူတွေက opacity ကို အတိအကျ ချိန်ညှိနိုင်တဲ့ slider လိုချင်ကြပေမယ့် Apple က level နှစ်ခုပဲ ရွေးနိုင်တဲ့ toggle ကို ထည့်သွင်းထားခဲ့ပါတယ်။
Apple က Liquid Glass ကို app တွေမှာ အသုံးပြုထားတဲ့ developer တွေအနေနဲ့ အသုံးပြုသူရဲ့ preference က အလိုအလျောက် သက်ရောက်မှာဖြစ်ပြီး 26.1 developer beta မှာ စမ်းသပ်နိုင်ပြီလို့ ဆိုပါတယ်။
ရွေးချယ်ပြီးနောက် Now Playing control တွေ၊ Lock Screen ပေါ်က Notification တွေ၊ Apple app တွေနဲ့ third-party developer app တွေမှာ အပြောင်းအလဲတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Developer beta က အခု ရရှိနိုင်ပြီး public beta က လာမယ့်ရက်အနည်းငယ်အတွင်း ထွက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။
Discussion