iPad mini 7 ကို ယှဉ်မယ့် ဒေါ်လာ 450 တန် Redmi K Pad
Apple ရဲ့ iPad mini 7 ကို ဖိုက်ဖိုဆိုပြီး Redmi ကနေ Flapship Tablet မော်ဒယ်အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ ဒီတက်ဘလက်က Compact ဒီဇိုင်းနဲ့လာမှာဖြစ်ပြီး ဒေါ်လာ 450 ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။
Weibo ကနေ Experience More ဆိုသူ Redmi K Pad ရဲ့ Spec: အချို့ကို iPad mini 7 နဲ့ ယှဉ်ပြီး ဖော်ပြလာပါတယ်။ Redmi K Pad ကိုတော့ MediaTek Dimension 9400+ Chips သုံးမှာဖြစ်ပြီး 16GB Ram ပါဝင်ပါမယ်။ Screen Size 8.8” ကိုမှ 144Hz Refresh Rate အထိရပါမယ်။ ဘတ်ထရီပိုင်းမှာတော့ 7000mAh ပါမှာဖြစ်ပြီး 67W Fast Charge support ပေးပါမယ်။
Spec: တွေအရ Redmi K Pad က iPad mini 7 ထက် အကုန်နီးပါးပိုသာနေတဲ့အပြင် ဈေးနှုန်းမှာလည်း ပိုသက်သာနေတာကြောင့် မိတ်ဆက်လာမယ့်အချိန်ကို စောင့်ကြည့်ရမယ့် Tablet တစ်လုံးရယ်လို့ မှတ်ချက်ပေးနေကြပါတယ်။
ဆိုတော့ Redmi ကလည်း Price To Performance မှာ ဆရာတစ်ဆူလို့ပြောရမှာမို့ Redmi K Pad ကတော့ တော်တော်လေးမျှော်လင့်ရမယ့်ပုံပါပဲ။ မိတ်ဆက်မယ့်ရက်ကိုတော့ အတိအကျ မကြေညာသေးပါဘူး။ ဇူလှိုင်လထဲဖြစ်ဖို့တော့ များပါတယ်။