iPhone 16 က 2025 ရဲ့ အရောင်းရဆုံးဖုန်းဖြစ်လာ
2025 ရဲ့ ဇန်နဝါရီကနေ မတ်လအထိ အရောင်းအများဆုံးစမတ်ဖုန်းစာရင်းမှာ ဦးဆောင်နေတာကတော့ ထုံးစံအတိုင်း Apple နဲ့ Samsung ပါပဲ။ ဒါပေမဲ့ Counterpoint Research ရဲ့ နောက်ဆုံးဖော်ပြလာတဲ့ ရလဒ်အရ iPhone 16 က နံပါတ် ၁ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး Samsung Galaxy S25 Ultra ကတော့ နံပါတ် ၇ နေရာမှာဖြစ်ပါတယ်။
Counterpoint Research ကနေ 2025 ရဲ့ပထမသုံးလပတ်အတွင်း အရောင်းအများဆုံးစမတ်ဖုန်းစာရင်းထဲမှာမှ Ranking No. 1 to 10 ကို ချပြလာပါတယ်။ ဒီစာရင်းထဲမှာ Apple နဲ့ Samsung က နေရာအများပြားယူခဲ့ပြီး အခြား Brand အနေနဲ့ Xiaomi (Redmi) တစ်မျိုးတည်းသာ ပါဝင်လာခဲ့ပါတယ်။
iPhone Base မော်ဒယ်အနေနဲ့ဆိုရင် 2023 တုန်းက နောက်ဆုံးရောင်းအားကောင်းခဲ့တာဖြစ်ပြီး အခု 2025 မှာ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။ မနှစ်ကရောင်းအားအကောင်းဆုံးကလည်း iPhone ပဲဖြစ်ခဲ့ပြီး မော်ဒယ်ကတော့ iPhone 15 Pro Max ပါ။
iPhone 16 ဟာ အာဖရိကနဲ့ ဂျပန်နိုင်ငံတို့မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယနေရာမှာတော့ iPhone 16 Pro Max ရှိနေပြီး တတိယနေရာမှာတော့ iPhone 16 Pro ဖြစ်ပါတယ်။ Raking 1 to 10 အနက် iPhone ဟာ နေရာ ၅ နေရာလောက်အထိ ပါဝင်ထားပါတယ်။