ဆိုတော့ iPhone ကို ကာဗာမတပ်ဘဲ ကိုင်တဲ့သူတွေ ရှေ့ထွက်မယ်။ ပထမတော့ ဒီဇိုင်းလေးလှလို့ပဲ ဒီလိုပြောသလားပေါ့။ မဟုတ်ရပါဘူး။ ဘယ်လောက်အကြမ်းခံလည်း ပြချင်တာပါတဲ့ခင်ဗျာ။ နောက်ပြီး iPhone 16 ရယ်မှ မဟုတ်ဘူး မော်ဒယ်တိုင်းကို Cover မတပ်ဘဲ ကိုင်စေချင်တာ။ 

Apple ရဲ့ ကြော်ငြာအသစ်ကတော့ Ceramic Shield နဲ့ပတ်သက်ပြီး ပြသွားတာ။ သူတို့ရဲ့ဖုန်းတွေက ဘယ်လောက်တောင် မာကြောတယ်၊ အကြမ်းခံပါတယ်ဆိုတာပေါ့။ ကြမ်းပြင်ပေါ် ကျခဲ့သည့်တိုင် စိုးရိမ်စရာမလိုဘူးဆိုတဲ့ သဘာပါပဲ။ 

နည်းနည်းရယ်ရဖို့ကောင်းတာတစ်ခုက Apple ရဲ့ ဒီကြော်ငြာက Xiaomi အပါအဝင် အခြားဖုန်း Brand တွေအတွက်တော့ ဟာသဖြစ်သွားမလားဆိုတာပါ။ ဘာလို့ဆို အခြား Brand တွေရဲ့ Durability ပိုင်းနဲ့ပတ်သက်တဲ့ ကြော်ငြာတွေက ရှယ်တွေကိုး။