iPhone 16 Plus အထူနဲ့ ယှဉ်ခဲ့တဲ့ iPhone 17 Air

iPhone 17 Air ဘယ်လောက်ပါးလဲ iPhone 16 Plus နဲ့ ယှဉ်ပြထားတဲ့ ဓါတ်ပုံတွေထွက်လာပါတယ်။ 7.8mm အထူရှိတဲ့ iPhone 16 Plus နဲ့ ယှဉ်ထားတဲ့အခါမှာတော့ iPhone 17 Air က ထက်ဝက်နီးပါး ပါးတာကို တွေ့ရမှာပါ။ လောလောဆယ် leak တွေအရတော့ iPhone 17 Air ရဲ့ အထူဟာ 5.5mm ဒါမှမဟုတ် 5.65mm သာရှိမှာဖြစ်ပါတယ်။

အရင်ကတည်းက သတင်းတွေအရ iPhone 17 Air ဟာ iPhone Plus မော်ဒယ်တွေကို အစားထိုးဖို့ ထွက်လာမှာပဲဖြစ်ပါတယ်။ iPhone Plus မော်ဒယ်တွေက ရောင်းအားအနည်းဆုံးလို့လည်း ပြောလို့ရတာကြောင့်ပါ။ ဒါကြောင့်ပဲ Apple ဟာ iPhone Plus နေရာမှာ မော်ဒယ်အသစ်တစ်ခုနဲ့ အစားထိုးဖို့ ရည်ရွယ်နေတယ်လို့ သတင်းထွက်လာပြီးနောက်မှာ iPhone 17 Air ပေါ်လာတာပဲဖြစ်ပါတယ်။

iPhone 17 Air ရဲ့ အဓိကရည်ရွယ်ချက်ကတော့ user တွေအနေနဲ့ ဖုန်းရဲ့ ပါးလွှာမှုကို စိတ်ဝင်စားစေဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ တကယ်လည်း iPhone 17 Air က Apple ရဲ့ ထွက်သမျှ iPhone မော်ဒယ်တွေထဲမှာ အပါးဆုံးမော်ဒယ်ဖြစ်လာမှာပါ။

စမတ်ဖုန်းတွေ ပါးလွှာလာတာနဲ့အမျှ ပေးဆပ်လိုက်ရတာတစ်ခုကတော့ ဘတ်ထရီပါ။ iPhone 17 Air ကတော့ Battery 2800mAh သာပါမယ်လို့ Leak တွေ ထွက်ထားပါတယ်။ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Samsung Galaxy S25 Edge ရဲ့ 3900 mAh လောက်ရှိတဲ့ ဘက်ထရီထက်တောင် ပိုသေးပါတယ်။

ဒါပေမဲ့လည်း Apple ကနေ user တွေအဆင်ပြေအောင်လို့ Battery Case ကိုလည်း သီးသန့်ရောင်းပေးသွားမယ်လို့ ဆိုပါတယ်။