iPhone 17 Air အကြောင်းတစေ့တစောင်း

iPhone 17 Air အကြောင်းတစေ့တစောင်း

iPhone 17 Air ကိုလာမည့်ယခုစက်တင်ဘာလတွင် iPhone 16 Plus နေရာကိုအစားထိုးမည့်သီတင်းနှင့်အတူအခြားသီတင်းအသစ်များထွက်ပေါ်လာသည်။

iPhone 17 Air ​၏အလေးချိန်နှင့်ပတ်သက်သည့်အချက်အလက်များမှာ 146g ဟုပြောသော်လည်း ယခင်သိထားခဲ့သည့်အတိုင်း 145g နှင့် 150g ကြားရှိမည်ဟု ယူဆထားနိုင်သည်။

၎င်းသည် Samsung ၏ Galaxy S25 Edge ထက်ပိုမိုပေါ့ပါးလိမ့်မည်။ပိုပေါ့ပါးရသည့်အကြောင်းမှာ Apple သည် Samsung ကဲ့သို့ တိုက်တေနီယမ်ဖရိန်ကို အသုံးမပြုတော့ဘဲ ပိုမိုပေါ့ပါးသော 7000 စီးရီးအလူမီနီယမ်ကို အသုံးပြုထားခြင်းကြောင့်ဖြစ်သည်။

Frame ​၏ကလေးချိန်မှာ 25-30g သာရှိသည်ဟုသိရသည်။ OLED မျက်နှာပြင်သည် 35g၊ 5-7g ရှိသည့် 48MP နောက်ကျောဘက်ကင်မရာတစ်လုံး၊ A19 ချစ်ပ်နှင့် logic board တို့၏အလေးချိန်မှာ အကြမ်းဖျင်းအားဖြင့် 10-12g ၊ MagSafe module နှင့် "အခြားအစိတ်အပိုင်းများ" သည် 10-12g တို့ဖြစ်ပြီး၊ ထို့နောက်တွင် 15g glass back နှင့် battery က 35g ပါရှိမည်လို့သိရသည်။

ထွက်ရှိလာသောသီတင်းများအရ Apple သည် iPhone 17 Air ၏ဘက်ထရီကို Si/C နည်းပညာကို အသုံးပြုမည်ဟုဆိုထားသည်။ပါဝင်မည့်ပမာဏအတိအကျကို မသိရသော်လည်း 3,000 mAhအောက်ဖြစ်မည်ဟုကြားသိရသည်။

5.5 mm အထိပါးလွှာမည်ဖြစ်ပြီး အဓိကပြိုင်ဘက်ဖြစ်သည့် Galaxy S25 Edge ထက်ပိုပါးနိုင်မည်ဖြစ်သည်။

iPhone 17 Air တွင် 24 MP selfie၊ 8GB ​​RAM၊ 120 Hz refresh rate ပါရှိသော OLED မျက်နှာပြင်၊ Always-On Display၊ Dynamic Island၊ Face ID၊ wireless အားသွင်းစနစ်နှင့် eSIM ပါsupport လုပ်မည်ဟုသိရသည်။

Read more

နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

ကားပါကင်နေရာကြောင့် ပြဿနာတက်ရတဲ့ အကြောင်းတွေဟာ မြန်မာနိုင်ငံသားတွေ အတွက်တော့ မဆန်းပါဘူး။ ရန်ကုန်ရဲ့ လမ်းကျယ်၊ လမ်းသွယ်အစုံမှာ အုတ်ခဲ၊ ခုံ၊ သစ်သားတန်း၊ တစ်ခါ

ကွန်းဖရန့်လိဂ်ဖလားရယူပြီး ဥရောပဖလား(၃)ခုစလုံးကို ပိုင်ဆိုင်တဲ့ပထမဆုံးအသင်းဖြစ်လာတဲ့ ချယ်လ်ဆီး

ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ရီးရဲလ်ဘက်တစ်(၁-၄)ချယ်လ်ဆီး ဥရောပဖလား(၃)လုံးအနကိ တတိယတန်းစားဖလားဖြစ်တဲ့ ကွန်းဖရန့်လိဂ်ဖလားကို ဒီရာသီမှာ ဥရောပအသင်းကြီးဖြစ်တဲ့ ချယ်လ်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရီးရဲလ်ဘက်တစ် - ချယ်လ်ဆီး (29 May 2025/ 1:30 am) ချယ်လ်ဆီးက ကွန်းဖရန့်လိဂ် မှာ တန်းမတူဘဲ ဆင်းထိုးတဲ့ ဟဲဗီးဝိတ်လက်ဝှေ့သမားလိ

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

Tesla သည်၎င်း ၏ကားများကို ၂၀၂၅ ခုနှစ် ဧပြီလ တွင်ဆော်ဒီအာရေးဗျနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး Riyadh မြို့တွင်ပထမဆုံး Showroom နှင့် Service Center ကိုဖွင့်လှစ်ခဲ့သည်။ အဆိုပါ