iPhone 17 Air ရဲ့ ထွက်ခဲ့သမျှ သတင်းတွေထဲ အထူးဆန်းဆုံးလို့ ပြောရမလားပါပဲ။ Apple နဲ့ပတ်သက်ပြီး သတင်းတွေ ခန့်မှန်းတဲ့အခါမှာ တော်တော်များများမှန်လေ့ရှိတဲ့ Mark Gurman က ပြီးခဲ့တဲ့ရက်ပိုင်းကနေ iPhone 17 Air ရဲ့ အထူနဲ့ ဈေးနှုန်းတွေအကြောင်းပြောခဲ့ပြီးနောက်မှာပဲ အထူးအဆန်းသတင်းတစ်ခုကို ထပ်မံဖော်ပြလာပါတယ်။ 

အဲ့တာကတော့ iPhone 17 Air ဟာ Port Free Device ဖြစ်လာမယ် ဆိုတာပါ။ Port Free ဆိုတာက ပြောရမယ်ဆိုရင် အားသွင်းပေါက်မပါတဲ့ ဖုန်းရယ်ပေါ့။ အားသွင်းပေါက်မပါဘူး (Port Free) ဆိုတော့ Wireless charging only support တော့ဖြစ်သွားမယ်။ နောက်ပြီး Data ပိုင်းကျ Cloud data transfer နဲ့ အလွှဲအပြောင်းပေါ့။  

ဒါက ကောလဟလအဆင့်ဆိုပေမဲ့ Apple အနေနဲ့ Port Free နည်းပညာကို စမ်းသပ်နေခဲ့တာ အချိန်တစ်ခုရှိနေပြီလို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ တကယ်သာ iPhone 17 Air က port free နဲ့ ထွက်လာမယ်ဆိုရင်တော့ တကယ့်ကို အသစ်အဆန်းတစ်ခုကို ချပြလိုက်တာပဲဖြစ်သွားမှာပါ။ 

Port Free Device ဆိုတာက တစ်ဖက်ကကြည့်ရင် မိုက်တယ်လို့ ဆိုရပေမဲ့ EU ရဲ့USB-C စည်းမျဉ်းတွေကိုလည်း ချန်ထားခဲ့လို့မရသေးပါဘူး။ ဆိုတော့ ဒီနှစ်အတွက် iPhone 17 Series မှာ iPhone 17 Air ကတော့ တော်တော်လေးကို မျှော်လင့်နေရမယ့်ဖုန်းတစ်လုံးပါပဲ။ ဆက်လက်စောင့်ကြည့်တာပေါ့ဗျာ...