iPhone 17 ပြောင်းလဲမှုမရှိပါ..
iPhone 17 Air တစ်ခုတည်းကိုပဲ အားစိုက်သွားမယ့် အလားအလာရှိနေတဲ့ Apple ကတော့ iPhone Base Model ဖြစ်တဲ့ iPhone 17 ကိုတော့ ထူးထူးခြားခြားပြောင်းလဲမှုတွေလုပ်လာမယ့်ပုံမပေါ်တော့ပါဘူး။ (ဒီဇိုင်းကလွဲလို့ပေါ့)
GF Securities ဆိုတဲ့ ရှယ်ယာသုတေသနအဖွဲ့နဲ့လုပ်ဖော်ကိုင်ဖက်နေတဲ့ Apple Analyst တစ်ဦးဖြစ်တဲ့ Jeff Pu ရဲ့ အဆိုအရ iPhone 17 ဟာ ပြောင်းလဲမှုကြီးကြီးမားမားမရှိဘဲ မိတ်ဆက်လာမယ့်သဘောပါ။ iPhone 17 မှာ iPhone 16 တုန်းက သုံးခဲ့တဲ့ A18 Chips ကိုပဲ ပြန်သုံးသွားမှာဖြစ်တဲ့အပြင် Ram 8GB နဲ့ပဲ လာဖြစ်ဖို့များပါတယ်။
iPhone 17 မှာ အသစ်ထည့်လာမယ်လို့ မျှော်လင့်ရတဲ့အချက်တွေကတော့ refresh rate ကို 60Hz မှ 120Hz အထိ တိုးတက်လာမယ်။ ရှေ့ကင်မရာ resolution ကို 12MP မှ 24MP အထိတိုးလာမယ်။ Screen Size ကိုလည်း 6.1” ကနေ 6.3” ဖြစ်လာမယ်လို့တော့ ဆိုထားပါတယ်။
ဒီလိုသာဆို လာမယ့်စက်တင်ဘာမှာ မိတ်ဆက်မယ့် iPhone 17 Lineup မှာတော့ iPhone 17 Air ကလွဲ ကျန်မော်ဒယ်တွေကတော့ ကြီးကြီးမားမားပြောင်းလဲမှုတွေကို မြင်ရနိုင်ပါ့မလားဆိုတာကတော့...