iPhone 17 Series အတွက် သီးသန့် 45W Magsafe Charger

Apple က iPhone 17 series အတွက် Wireless Charging ပိုင်းကိုပါ တိုးတက်အောင် ပြင်ဆင်နေတဲ့အကြောင်း မကြာသေးခင်က ဖော်ပြခဲ့ဖူးပါတယ်။ အခုအသစ်ထွက်လာတဲ့ သတင်းတွေအရ Apple ရဲ့ MagSafe charger အသစ်ဟာ ပိုမြန်ပြီး ပိုထိရောက်တဲ့ Performance တွေနဲ့ ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

91Mobiles ကနေ Taiwan NCC satabase ထဲမှာ Apple Magsafe Charger လို့ ယူဆရတဲ့ Magsafe Charger အသစ် ၂ မျိုးကို တွေ့ခဲ့ကြောင်း ဖော်ပြလာပါတယ်။ ဒီ Charger တွေဟာ iPhone 16 series အတွက်ထွက်ရှိခဲ့တဲ့ MagSafe pad နဲ့ ပုံစံတူတယ်လို့ ထင်ရပေမဲ့ ဓါတ်ပုံတွေအရ Qi 2.2 စံနှုန်းကို ပံ့ပိုးထားတာမို့ ပိုမြန်တဲ့ 50W Wireless Charging နဲ့ ပိုတိကျတဲ့ Magnetic Alignment တို့အထိ ရနိုင်မှာပါ။

ဒီသတင်းသာမှန်မယ်ဆိုရင်တော့ iPhone 17 Series က Data Cable တွေနဲ့ အားသွင်းရတာတွေ လျော့သွားမယ်လို့ မျှော်လင့်ရမှာပါပဲ။ တစ်ခုရှိတာကတော့ ထုံးစံအတိုင်း သီးသန့်ရောင်းချမယ့်အပြင် ဈေးနှုန်းအရလည်း ပုံမှန် Magsafe တွေထက် မြင့်နိုင်ခြေရှိလောက်ပါတယ်။

ဆိုတော့ စက်တင်ဘာလောက်မှ မြင်ရမှာမို့ မနက်ဖြန်မိတ်ဆက်မယ့် WWDC25 ကိုသာ အရင်စောင့်ကြည့်ဝေဖန်လေကန်ကြတာပေါ့ဗျာ...