ဒီနှစ်ရဲ့ iPhone 17 Series ကတော့ Google Pixel ကင်မရာဒီဇိုင်းတွေနဲ့လာမယ်ဆိုပြီး အမှန်အကန် leak တွေထွက်ခဲ့တာဆိုပေမဲ့ Mark Gurman ကတော့ မော်ဒယ်အသစ်ဖြစ်တဲ့ iPhone 17 Air ကလွဲလို့ ကျန်မော်ဒယ်တွေကတော့ ဒီဇိုင်းတွေပြောင်းလာနိုင်ခြေမရှိသလောက်ပါပဲလို့ ဆိုထားပါတယ်။ (Pro နဲ့ Pro Max တော့ နည်းနည်းမျှော်လင့်ချက်ရှိမယ်လို့ထင်ရ)

စက်တင်ဘာလလောက်မှာ မိတ်ဆက်မယ်လို့ မျှော်လင့်ထားကြတဲ့ iPhone 17 Series မှာတော့ iPhone 17၊ iPhone 17 Air (သို့မဟုတ် Slim)၊ iPhone 17 Pro နှင့် iPhone 17 Pro Max ဆိုတဲ့ မော်ဒယ် ၄ မျိုးပါဝင်သွားမှာပါ။ အစောပိုင်းကာလတွေမှာတော့ iPhone 17 Series ဟာ camera layout ဒီဇိုင်းတွေ သိသိသာသာပြောင်းလဲသွားမယ်ဆိုပြီး leak တွေထွက်ခဲ့ပါတယ်။

အကုန်လုံးတွေ့ခဲ့ပြီးပြီဖြစ်တဲ့ Google Pixel camera layout ဒီဇိုင်းဟာ iPhone 17 Air မှာသာ တွေ့နိုင်ခြေများပါတယ်။ Apple အနေနဲ့တော့ ဒီနှစ်မှာ ဒီဇိုင်းမပြောင်းဘူးဆိုရင်လည်း အပြောခံရမှာဖြစ်သလို ပြောင်းသွားရင်လည်း အပြောခံရဦးမှာ အသေအချာပါပဲ...
Discussion