Apple သည် iPhone17 seriesတွင် iPhone 17 Ultra ကို မိတ်ဆက်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဒါပေမယ့် ဒီသီတင်းကိုအရင်က အနည်းဆုံးနှစ်ကြိမ်လောက်ကြားဖူးခဲ့ပါတယ်။ 

iPhone 15 နှင့် iPhone 16 စီးရီးများ မတိုင်မီတွင် Ultra အနေဖြင့် Pro Max နေရာကိုအစားထိုးမည် (သို့မဟုတ်) တစ်ဆင့်မြင့်တဲ့modelအနေနဲ့လာမည်ဟုကောလဟာလများလဲ များစွာထွက်ပေါ်ခဲ့ပြီးအခုလည်း အလားတူကောလဟာလတွေ ပြန်ထွက်လာပါပြီ။ iPhone 17 Ultra သည် Pro Max နေရာကို အစားထိုးပြီး hardware အသစ်ပါရှိသောဖုန်းတစ်လုံးအနေဖြင့် မိတ်ဆက်ရန် ပြင်ဆင်နေသည်ဟုပြောဆိုနေကြပြန်ပြီ။ ဥပမာအားဖြင့် Ultra သည် ပိုမိုသေးငယ်သော Dynamic Islandနှင့်မတူကွဲပြားလာမည်ဟုလဲဆိုကြသည်။

Ultra သည် vapor chamber cooling system နှင့်Pro Max ထက်ပိုမိုကြီးမားသောဘက်ထရီပါဝင်လာလိမ့်မည်ဖြစ်နိုင်တယ်လို့မှတ်ချက်များလဲပါပါသေးတယ်။

အချို့သောသူများအတွက် ရှုပ်ထွေးမှုဟုထင်ရသော်လည်း Apple သည် Apple Watch Ultra သို့မဟုတ် M3 Ultra chipများကဲ့သို့သော ထုတ်ကုန်အချို့နှင့်အတူ Ultra သတ်မှတ်ချက်ကိုအသုံးပြုထားလာမယ်လို့ပြောနေကြသည်။ ထို့အပြင်များပြားလှသော hardware အဆင့်မြှင့်တင်မှုနှင့်အတူ iPhone Ultra သည် Apple ဖုန်း၏စျေးနှုန်းကိုတက်ရန်နှင့် အမြတ်အစွန်းပိုမိုရှိရန်ဦးတည်နေသည်လို့လဲသိရသည်။

ယခုခန့်မှန်းချက်များသည် မှန်ကန်ခြင်း ရှိ၊မရှိပြောရန် အနည်းငယ်စောနေသေးသော်လည်း မကြာမီသိရှိရတော့မှာလဲဖြစ်ပါတယ်။