iPhone 18 Series မှာ Under Display Face ID ထည့်ဖို့ စမ်းသပ်နေ

iPhone 18 Series မှာ Under Display Face ID ထည့်ဖို့ စမ်းသပ်နေ

ဒီသတင်းက မကြာသေးခင်တုန်းက Apple ခေါက်ဖုန်းမှာ စမ်းသပ်နေတယ်ဆိုပြီး အရင်ထွက်ထားဖူးတယ်။ အရမ်းတော့ မမျှော်လင့်လိုက်ပါနဲ့ဦး။ iPhone 17 Series နဲ့တောင် သူ့ဟာသူ အခုထိရှုပ်နေတုန်းပါ။ 

တစ်ခုရှိတာကတော့ ဒီနှစ်ထဲထွက်လာမယ့် iPhone 17 Series ထက်ကို 18 Series ရဲ့ rumor တွေက ပိုထွက်နေတယ်လို့ ပြောရမှာပါ။ အရင်ရက်ပိုင်းတွေက ထွက်ခဲ့တဲ့ rumor တွေဆိုတာလည်း မနည်းမနောပါပဲ။ 

Under Display Face ID ထည့်ဖို့ စမ်းသပ်နေပြီဆိုတဲ့ သတင်းကတော့ တရုတ်ဘက်ကနေ ထွက်လာတာပါ။ Apple ကနေ iPhone 18 Pro မော်ဒယ်တွေမှာ Under Display Face ID ကို ထည့်ဖို့ စမ်းသပ်နေတာဖြစ်တဲ့အပြင် 3D နည်းပညာလို့လည်း ဆိုထားပါတယ်။ နောက်ပြီး Punch Hole နဲ့ Notch မဟုတ်ဘဲ Punch Hole နဲ့ ဖြစ်သွားပါမယ်။ 

တကယ်လို့ မျက်နှာပြင်အောက် Face ID နည်းပညာကို Apple တကယ်အောင်မြင်အောင်တပ်ဆင်နိုင်မယ်ဆိုရင် ဒီဇိုင်းပိုင်းမှာရော privacy ပိုင်းမှာရော ပိုကောင်းသွားမယ်။ နောက်ပြီး 3D နည်းပညာကြောင့်လည်း  ပုံမှန်ကင်မရာနဲ့ unlock လုပ်တဲ့ဖုန်းတွေထက် ပိုပြီးလုံခြုံမှုရှိသွားမယ်လို့ ထင်ရပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီနည်းပညာက ဒီဇိုင်းလှတာနဲ့ လုံခြုံမှုနှစ်ခုလုံးကို ရနိုင်မယ့်နည်းလမ်းဖြစ်နိုင်တာပါ။

Apple အနေနဲ့ Under Display Face ID ကို iPhone 18 Series တင်မကဘဲ ပထမဆုံး Foldable iPhone မှာလည်း ထည့်သွင်းဖို့ စမ်းသပ်နေတယ်လို့ မကြာသေးခင်ကတည်းက သတင်းထွက်ထားတာပါ။ အဲ့တုန်းကတော့ Face ID နဲ့ မဟုတ်ဘဲ Touch ID လို့လည်း ပြောခဲ့သေးတယ်။ ဆိုတော့ Apple ရဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတွေကို နောက်နှစ်အထိ စောင့်ကြမယ်.... iPhone 17 Series ကို ဝေဘင်ရင်းနဲ့ပေါ့

Read more

အာဆင်နယ်ကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် PSG

အာဆင်နယ်ကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် PSG

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့) PSG (၂-၁)အာဆင်နယ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ အီတလီဂိုးသမားဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်ခဲ့တဲ့ အာ

TikTok လိုမျိုး ပုံစံအသစ်နဲ့ တွေ့ရဦးမယ့် Netflix

TikTok လိုမျိုး ပုံစံအသစ်နဲ့ တွေ့ရဦးမယ့် Netflix

အလွယ်ပြောရမယ်ဆိုရင် TikTok လို Short Video တွေ ကြည့်နိုင်အောင် Feed အသစ်တစ်ခု လုပ်ပေးသွားမယ့်ပုံစံမျိုးပါ။ ဒီ Feature ကိုတော့ လာမယ့်အပတ်ထဲမှာ စပြီးစမ်းသပ်သွားမယ်လို့ Netflix က ကြေညာထာ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအ‌ရွှေ့ကာလက မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီး ဘက်တစ်အသင်းထံ အငှားနဲ့ ပြောင်း‌ရွှေ့ခဲ့တာက သူလုပ်ခဲ