9 ဂဏန်းတွေနဲ့ သိပ်အစေးကပ်လေ့မရှိတဲ့ Apple က 2027 မှာထုတ်မယ့် iPhone ကိုလည်း iPhone 20 လို့ဘဲ နာမည်ပေးသွားဖို့ရှိနေပါတယ်။ iPhone ရဲ့ နှစ် 20 ပြည့် အထိမ်းအမှတ် 2027 ခုနှစ်မှာ ကျရောက်မှာဖြစ်ပြီး Apple က ဒီဇိုင်းပြောင်းလဲမှုနဲ့ အမည်ပြောင်းလဲမှုတွေနဲ့အတူ iPhone အသစ်တွေကို ယူဆောင်လာဖို့ ပြင်ဆင်နေပါတယ်။ နံပါတ်အစဉ်အတိုင်းဆိုရင် 2027 iPhone က iPhone 19 လို့ ခေါ်သင့်ပေမယ့် Omdia မှ အကြီးတန်းသုတေသီ Heo Moo-yeol က Apple ဟာ နံပါတ်တစ်ခု ကျော်ပြီး iPhone 20 ကို တိုက်ရိုက်သွားနိုင်တယ််လို့ ပြောပါတယ်။
ဒါက 2017 ခုနှစ်မှာ iPhone X နဲ့ Apple လုပ်ခဲ့တာနဲ့ အတူတူဖြစ်မှာပါ။ iPhone ရဲ့ ဆယ်နှစ်ပြည့် ထုတ်ဝေမှုက series ရဲ့ ပထမဆုံး အဓိကဒီဇိုင်းပြောင်းလဲမှု ဖြစ်ခဲ့ပြီး အဲဒီအရိပ်အယောင်တွေက ဒီနေ့အထိ မြင်တွေ့နိုင်ပါသေးတယ်။
iPhone 20 series ဟာ iPhone ဒီဇိုင်းအတွက် နောက်ထပ် အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပြီး အချက်အလက်တွေအရ bezel မရှိတဲ့ display panel နဲ့ sloping line တွေ ပေါင်းစပ်ပြီး ရှေ့ကနေကြည့်ရင် မှန်တစ်ချပ်တည်းလို မြင်ရမယ့် ဖုန်း ဖြစ်လာမှာပါ။
ထွက်ပေါ်လာတဲ့ အချက်အလက် အသစ်အရ Apple က လာမယ့်နှစ် vanilla iPhone 18 ကို ကျော်သွားနိုင်ပြီး အဲဒီအစား Air နဲ့ Pro model တွေကို အားလုံးစိတ်ဝင်စားနေကြတဲ့ iPhone Fold နဲ့အတူ ထွက်လာမယ်လို့ ဖော်ပြထားပါတယ်။ နောက်နှစ်မှာ Apple က iPhone 20 series ကို ယူဆောင်လာမယ်လို့ မျှော်လင့်ရပြီး vanilla model ပါဝင်မှာဖြစ်ပေမယ့် အဲဒါက အဲ့ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ စျေးသက်သာတဲ့ iPhone 18e နဲ့အတူ ထွက်ရှိလာမှာပါ။ ပြီးတော့ Apple က ဒီဇိုင်းပြောင်းလဲထားတဲ့ iPhone 20 Pro၊ Air နဲ့ Fold 2 model တွေကို သီးခြားပွဲတစ်ခုမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။
iPhone 19 ကို ကျော်ပြီး iPhone 20 ကိုထုတ်သွားဖို့ရှိပြန်တဲ့ APPLE

On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion