ဒီသတင်းက မနှစ်ကစက်တင်ဘာလောက်တုန်းက ထွက်ခဲ့သေးတယ်။ အဲ့တုန်းကတော့ ရုပ်ရှင်တစ်ခုလုံးကို iPhone 15 Pro Max အသုံးပြုပြီး ရိုက်ကူးတဲ့ ပထမဆုံးရုံတင်ကားရယ်လို့ ပြောခဲ့ကြတာပါ။ အခုထပ်ထွက်လာတဲ့ သတင်းကတော့ ဒီရုပ်ရှင်တစ်ခုလုံးကို iPhone နဲ့ ရိုက်တဲ့အပြင် iPhone အလုံးရေ ၂၀ သုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ရိုက်ကွင်းပေါ်က ဓါတ်ပုံတွေအရ ဒါရိုက်တာ Danny Boyle က iPhone အလုံး ၂၀ လုံးကို တပ်ဆင်ထားတဲ့ အထူးကိရိယာတစ်မျိုးကို သုံးခဲ့တာကို တွေ့ရမှာပါ။ iPhone 15 Pro Max တစ်မျိုးတည်းမဟုတ်ပဲ အခြား iPhone မော်ဒယ်တွေကိုလည်း ရောသုံးထားပြီး အထူးသဖြင့် iPhone ၈ လုံး၊ ၁၀ လုံး နဲ့ ၂၀ လုံးတပ်လို့ရတဲ့ ကိရိယာ ၃ မျိုးကို အသုံးပြုထားပါတယ်။

Boyle အတွက် iPhone နဲ့ရိုက်တာက အနုပညာဆန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ ၂၀၀၂ ခုနှစ်တုန်းက "28 Days Later" ပထမဆုံးအပိုင်းကို ဒီဂျစ်တယ်ဗီဒီယိုကင်မရာနဲ့ ရိုက်ခဲ့တာပါ။ အခုတစ်ခါမှာတော့ ဒီဂျစ်တယ်ခေတ်ရဲ့ အိမ်သုံးကင်မရာတွေနဲ့ တူတဲ့ iPhone ကို အချို့အခန်းတွေမှာ ရွေးသုံးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Boyle က "ရုပ်ရှင်ရဲ့ ဒုတိယပိုင်းမှာ iPhone အလုံး၂၀ တပ်ထားတဲ့ ကင်မရာနဲ့ ရိုက်ထားတဲ့ အရမ်းမိုက်တဲ့ scene တစ်ခုရှိတယ်၊ ကြည့်ရင်သိလာမယ်" လို့ ဆိုပါတယ်။ "ဒါက သာမန်မြင်ဖူးတာနဲ့မတူဘဲ ကြည့်ရှသူတွေကို အသွင်အသစ်တစ်ခုထဲ ဆွဲခေါ်သွားမယ့် ထူးခြားတဲ့ Scene တစ်ခုပါ" လို့ သူက ရှင်းပြခဲ့ပါတယ်>

ဒီရုပ်ရှင်က ၂၀၀၂ ခုနှစ်မှာထွက်လာတဲ့ "28 Days Later" နဲ့ ၂၀၀၇ ခုနှစ်မှာထွက်ထားတဲ့ "28 Weeks Later" တို့ရဲ့ အဆက်ဖြစ်သလို နာမည်ကြီးမင်းသား၊ မင်းသမီးတွေလည်းပါဝင်ပါတယ်။ ရုပ်ရှင်ကတော့ Zombie တွေပြန့်သွားတဲ့ ကမ္ဘာကြီးမှာ Survival လုပ်ရတဲ့ UK အခြေပြုရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကိုတော့ လာမယ့်ဇွန် ၂၀ မှာ ပြသသွားမှာပါ။
Discussion