iPhone Curved Display ဆိုတာဖြစ်လာနိုင်မလား

iPhone Curved Display ဆိုတာဖြစ်လာနိုင်မလား

Apple သည် 2027 တွင် iPhone ထွက်ရှိခြင်း၏ ၂၀ နှစ်ပြည့်နေ့အခမ်းအနားတွင်ထူးခြားသောပြောင်းလဲမှုအသစ်ထုတ်ပြရန်ပြင်ဆင်နေသည်။ထိုအချိန်တွင် အလွန်ကွဲပြားသောဒီဇိုင်းအသစ်တစ်ခု ပါဝင်မည့် မော်ဒယ်အသစ်ကို မိတ်ဆက်လာလိမ့်မည်ဟုသတင်းထွက်ပေါ်နေပါသည်။ Bloomberg သတင်းဌာနအရ အဆိုပါနှစ်တွင် curved display design တွေထွက်ပေါ်လာနိုင်သည်ဟုသိရသည်။

တောင်ကိုရီးယား ETNews သတင်းဌာနကအရောင်းအဝယ်အစီရင်ခံစာတွင်နည်းပညာအသစ်အကြောင်းဖော်ပြပေးလိုက်သည်။ Apple သည် Samsung Display နှင့် LG Display တို့နှင့်အတူ bezel-less display များအတွက် ဆွေးနွေးဆောင်ရွက်နေသည်။အဆိုပါ display အသစ်တွင် လေးဘက်လုံးခုံးနေသည့် မျက်နှာပြင် (four-sided bending display) ပါဝင်မည်ဖြစ်ပြီး ဖုန်းရဲ့မျက်နှာပြင်ကိုကြည့်လိုက်လျှင် မှန်တစ်ချပ်ကဲ့သို့ထင်မြင်ရလိမ့်မည်ဟုဖော်ပြထားသည်။

ထို့ပြင် iPhone အသစ်တွင်(under-display camera) ပါဝင်လာနိုင်သည့်အပြင် 16nm FinFET OLED driver chip အသစ်ကို အသုံးပြုမည်ဖြစ်ပြီးယခု iPhone မော်ဒယ်များတွင်အသုံးပြုနေသော 28nm planar chip ထက်သိသာစွာကောင်းလာမည်ဖြစ်သည်။

ထို့အပြင် Apple မှ all-silicon cathode ပါဝင်သည့် solid-state battery အသစ်တစ်ခုကိုပါ မိတ်ဆက်နိုင်ကြောင်းဆိုသည်။ ၎င်း battery သည် အားခံမှုအတွက်စိတ်တိုင်းကြစေရမည်လို့လဲဖော်ပြထားသည်။

သို့သော်လည်းယခုသတင်းအချက်အလက်များမှာ စမ်းသပ်မှုအခြေအနေအတွင်းရှိသည့်အတွက် အတည်ပြုနိုင်ရန်အတွက်အချိန်အတိုင်းအတာတစ်ခုထိတော့စောင့်ကြည့်ရဦးမည်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ