ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး မော်တော်ယာဉ် အလုပ်ရှင်ဖြစ်တဲ့ Jaguar Land Rover (JLR) ကုမ္ပဏီဟာ သြဂုတ်လကုန်ပိုင်းက စတင်ခဲ့တဲ့ cyber attack ကြောင့် သုံးပတ်ကြာ ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းနေရပါတယ်။ UK၊ Slovakia၊ Brazil နဲ့ India မှာရှိတဲ့ စက်ရုံအားလုံးမှာ ကားထုတ်လုပ်လို့ မရဖြစ်နေပြီး ပေါင်သန်းနဲ့ချီတဲ့ ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပါတယ်။
သြဂုတ်လ နောက်ဆုံး တနင်္ဂနွေနေ့မှာ Merseyside၊ Halewood စက်ရုံက manager တွေက hack ဖြစ်နိုင်တယ်လို့ industry contact တွေကို အသိပေးခဲ့ပါတယ်။ တနင်္လာနေ့ မနက်မှာတော့ JLR က cyber attack ရဲ့ ပြင်းထန်မှုကို သိရှိပြီး system အားလုံးကို အမြန်ဆုံး ပိတ်လိုက်ရပါတယ်။
ဒီ hack ကြောင့် JLR က ပေါင်သန်းနဲ့ချီတဲ့ ဆုံးရှုံးမှု ရင်ဆိုင်နေရပြီး supply chain တစ်လျှောက်မှာ အထူးသဖြင့် West Midlands ဒေသက supplier တွေ အကြီးအကျယ် ထိခိုက်နေပါတယ်။ Solihull စက်ရုံမှာ ထုတ်လုပ်တဲ့ ပေါင် ၁၂၀,၀၀၀ ကျော်တန် Range Rover တွေ ထုတ်လုပ်မှု ရပ်နေရပါတယ်။
Department for Business and Trade က JLR နဲ့ နေ့စဉ် ဆက်သွယ်နေပြီး National Cyber Security Centre က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ကုမ္ပဏီကို အကူအညီပေးနေပါတယ်။ စက်ရုံလုပ်သားတွေကို အနည်းဆုံး ဗုဒ္ဓဟူးနေ့အထိ မလာဖို့ အကြောင်းကြားထားပေမယ့် ပိုကြာနိုင်တယ်လို့ ယူဆရပါတယ်။
၂၀၂၃ ခုနှစ်မှာ JLR က computer system အများစုကို Tata Consultancy Services (TCS) ကို ပေါင် ၈၀၀ သန်းတန် ငါးနှစ်စာချုပ်နဲ့ outsource လုပ်ခဲ့ပါတယ်။ TCS က JLR ရဲ့ network၊ data connection နဲ့ အရေးအကြီးဆုံး cybersecurity ကို တာဝန်ယူထားပါတယ်။
TCS က Marks & Spencer နဲ့ Co-op လို ဗြိတိန် retailer တွေနဲ့လည်း အလုပ်လုပ်နေပြီး ဒီနှစ်အတွင်း နှစ်ခုစလုံး cyber attack ခံခဲ့ရပါတယ်။ Reuters က မေလမှာ TCS ဟာ M&S system ထဲ hacker တွေ ဝင်ရောက်နိုင်တဲ့ "means of access" ဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
M&S နဲ့ Co-op hack တွေကို Scattered Spider လို့ခေါ်တဲ့ အင်္ဂလိပ်စကားပြော hacking အဖွဲ့က လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး UK မှာ လူ ၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ JLR attack ပြီးနောက် Telegram channel တစ်ခုမှာ ကုမ္ပဏီရဲ့ internal IT system screenshot တွေ တင်ခဲ့ပြီး channel နာမည်က Scattered Spider၊ Lapsus$ နဲ့ ShinyHunters ဆိုတဲ့ hacking group တွေရဲ့ နာမည်ပေါင်းစပ်မှု ဖြစ်နေပါတယ်။
JLR က ဘယ်အချိန်မှာ ပြန်စနိုင်မလဲ အတိအကျ မသိရသေးဘဲ ထုတ်လုပ်မှုလိုင်းပေါ်မှာ အဆင့်အမျိုးမျိုးမှာ ရှိနေတဲ့ ကား ၁,၀၀၀ ကျော်ကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ Supplier တစ်ယောက်က "လနဲ့ချီကြာတာလဲ ဖြစ်နိုင်တယ်။ ရက်သတ္တပတ်နဲ့ချီကြာတာမျိုးလဲ ဖြစ်သွားနိုင်တယ်" လို့ ပြောပါတယ်။
Discussion