On this page
- နည်းပြကြီး မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ PSG အသင်းရဲ့ ခံစစ်ကစားသမား စကီနီရာ ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
- ဘာစီလိုနာအသင်းရဲ့ကစားသမား အန်ဆူဖာတီ ဟာ မိုနာကိုအသင်းကို အငှားနဲ့ပြောင်းရွှေ့သွားပြီဖြစ်ပြီး မပြောင်းခင်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့တယ်လို့ သိရပါတယ်။
- ချယ်လ်ဆီးနဲ့ ရိုးမား တိုက်စစ်မှူးဟောင်း တမ်မီအီဘရာဟင် ဟာ နည်းပြဆိုးလ်ရှားကိုင်တွယ်နေတဲ့ တူရကီကလပ် ဘက်ဆစ်တပ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီလို့ သိရပါတယ်။
- ပြင်သစ်လီဂူးကလပ် လန်းစ်အသင်းရဲ့ နောက်ခံလူ ဖာကန်ဒိုမီဒီနာ ဟာ မာဆေးလ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို (၂၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်။
- ဆော်ဒီကလပ် NEOM FC အသင်းဟာ အာဆင်နယ်နဲ့ လိုင်ယွန်တိုက်စစ်မှူးဟောင်း လာကာဇက် ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
- ဘိုလော့ဂ်ညာအသင်းဟာ MLS ကလပ် တိုရွန်တိုFC အသင်းက အီတလီကစားသမား ဘီနာဒက်ချ်ရှီ ကို အီတလီမြေကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေပါတယ်။
- ဘရန့်ဖို့ဒ်အသင်းဟာ ဖီယင်နုအသင်းက အသက်(၂၀)အရွယ် လူငယ်ကြယ်ပွင့်ကစားသမား အန်တိုနီမီလန်ဘို ကို ယူရို (၁၇)သန်း + (၄.၂၅)သန်း နဲ့ အပြီးသတ်ခေါ်ယူခဲ့ပြီလို့ သိရပါတယ်။
- အေစီမီလန်အသင်းဟာ စီးရီးအေကလပ် တိုရီနိုအသင်းရဲ့ ကွင်းလယ်ကစားသမား ဆမ်မြူရယ်ရီစီ ကို ယူရို (၂၅)သန်းနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပြီး (၄+၁)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
Discussion