ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဇူဇူရဲ့ Meta ကနေ တစ်နှစ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရနေကြောင်း သတင်းတက်လာပါတယ်။ ဒီဝင်ငွေတွေက Meta Platform တွေပေါ်မှာ Scam Ads (ကျားဖြန့်ကြော်ငြာ) တွေကနေ ဝင်လာတာဖြစ်တယ်လို့ Reuters ကနေ ဖော်ပြထားတာပါ။

Meta အနေနဲ့ ကျားဖြန့်ကြော်ငြာတွေကနေ ‌ဒေါ်လာ ၁၆ ဘီလီယံလောက် ဝင်နေတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး Meta ကနေ ငြင်းဆိုခြင်းမရှိခဲ့ပေမဲ့ သတင်းဌာနဘက်က ခန့်မှန်းထားတဲ့ ပမာဏက အလွန်အကျွံဖြစ်နေတယ်လို့တော့ ဆိုခဲ့ပြီး ကျားဖြန့်ကြော််ငြာတွေ လောင်းကစားကြော်ငြာတွေကို နှိမ်နင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီသတင်းကြောင့်ပဲ Meta ရှယ်ယာဈေးတွေထိုးကျပြီး တစ်ရက်ထဲမှာတင် ဇူဇူရဲ့ပိုင်ဆိုင်မှု ဒေါ်လာ ၅ ဘီလီယံနီးပါးဆုံးရှုံးခဲ့ရပါတယ်။ ဒီဆုံးရှုံးမှုကြောင့်ပဲ ဇူဇူတစ်ယောက် ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၃ နေရာကနေ နံပါတ် ၆ နေရာကို ပြုတ်ကျခဲ့ရပါပြီ။