ကျောဘက် Display ပါတဲ့ S25 Ultra ကလုန်း

First Look မှာတော့ S25 Ultra လို့ ထင်ကောင်းထင်နိုင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုခုထူးခြားတာကိုလည်းသတိထားမိပါလိမ့်မယ်။ ဟုတ်ပါတယ် ကျောဘက်မှာ Display အပိုပါလာတာပါ။ ဆိုတော့ S25 Utra မဟုတ်ပါဘူး။ S25 Ultra ကလုန်းပါ။ 

အရင်တစ်ခေါက်က ဘတ်ထရီ 33,000mAh ပါတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်လာတဲ့ OUKITEL ကနေပဲ S25 Ultra မဟုတ်တဲ့ S25 Ultra ဒီဇိုင်းနဲ့ ဆင်တူတဲ့ ဖုန်းတစ်လုံးကို MWC 2025 မှာ မိတ်ဆက်သွားတာပဲဖြစ်ပါတယ်။ 

သေချာကြည့်ရင်တော့ ဒီဇိုင်းပဲနည်းနည်းတူတာပါ။ ကျောဘက်မှာ Display အပိုပါလာတယ်။ Spec: တွေဆိုရင်တော့ Unisoc T606 Chips နဲ့ 13MP Main Camera, 5150mAH Battery တွေပါမယ်။ Spec: တွေကြည့်တာနဲ့ ဘတ်ဂျက်ဖုန်းဆိုတာ သိသာပါတယ်။ ဒီဖုန်းကိုတော့ OUKITEL C62 လို့ အမည်ပေးထားပါတယ်။ 

MWC မှာ မိတ်ဆက်သွားတာဆိုတော့ ထွက်လာဖို့က သိပ်မသေချာပါဘူး။ ပြီးတော့လည်း လုံးဝ S25 Ultra ကလုန်းလို့တောင် ပြောနေကြတာဆိုတော့။ ဒါပေမဲ့လို့ ကျောဘက်မှာ Display ထည့်ပေးထားတာကတော့ တစ်ကွက်ပြထားတာပေါ့လေ...