1.Tome Ai

Presentation အတွက် idea မထွက်လို့ ခေါင်းခဲနေပြီလား? Tome Ai မှာ စာလေးရိုက်ပြီး Presnetation Slide တွေထုတ်ခိုင်းလို့ရပါတယ်။ အင်္ဂလိပ်လိုဝါကျလေးတွေ ရိုက်ထည့်ပေးလိုက်ရုံနဲ့ Slide တွေကို Transition တွေကအစ သေသေသပ်သပ်လုပ်ပေးလို့ ကျောင်းသားတွေအတွက် သုံးကိုသုံးကြည့်သင့်တဲ့ App ပါ

2. Otter Ai

Lecture ချိန်တွေမှာ Note လိုက်ရတာပင်ပန်းလာပြီးဆိုရင် ဒီ Tool ကိုသုံးကြည့်ပါ။ တစ်ခါတစ်လေနားထောင်နေရင်း အာရုံလွင့်သွားခဲ့တယ်ဆိုရင်လည်း Otter ကမှတ်ပေးထားတဲ့ Summery တွေကိုပြန်ကြည့်ရုံပဲမို့ အေးဆေးပါပဲ။

3. StepWise Ai

သင်္ချာနဲ့ပတ်သတ်လို့ အကူအညီပေးမယ့် Ai ပါ။ သင်္ချာမေးခွန်းတွေထုတ်ခိုင်းပြီး စမ်းဖြေကြည့်တာ၊ သင်္ချာသင်ခန်းစာတွေ သင်ယူတာမျိုးတွေလုပ်လို့ရမယ့် Ai ဖြစ်ပါတယ်။ Level အမျိုးမျိုးရှိလို့ ကိုယ်နဲ့ကိုက်ညီမယ့် Level ကိုရွေးချယ်ပြီး လေ့လာနိုင်ပါတယ်။

4. chatPDF Ai

ကျောင်းကသင်ခန််းစာတွေကို PDF Version ပြောင်းပြီး Summerize လုပ်ပြီး Ai ကိုကိုယ့်အစား စာဖတ်ခိုင်းလို့ရတဲဲ့ Tool ပါ။ စာဖတ်ရတာပျင်းသူတွေအတွက် ကွက်တိပါပဲ။

5. Jasper Ai

Thesis တွေရေးတာ၊ Report တွေရေးတဲ့အခါ စာလုံးပေါင်းကူစစ်ပေး၊ Ideation ပိုင်းကူပေးနိုင်မယ့် Ai ဖြစ်ပါတယ်။ စုတုပြုဆိုတဲ့အတိုင်း သူ့ဆီကထွက်လာတဲ့ စာပိုဒ်တွေအလိုက်ကူးမိရင် Plagiarism ထိနိုင်လို့ ဂရုစိုက်ပါလို့ အကြံပေးချင်ပါတယ်။