ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်(၂၉)ပွဲကစားပြီးတဲ့အနေအထားမှာ နော်တင်ဂမ်ဖောရက်စ်ဂိုးသမားမတ်ဇ်ဆဲလ်စ်က Clean-Sheet အများဆုံးဂိုးသမားအဖြစ် (၁၂)ပွဲနဲ့ ဦးဆောင်နေပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးဂိုးသမားဆု(ရွှေလက်အိတ်ဆု)ကို Clean-Sheet အများဆုံးရယူနိုင်တဲ့ ဂိုးသမားကို ချီးမြှင့်တာကြောင့် လက်ရှိမှာ Clean-Sheet အများဆုံးဂိုးသမားမတ်ဇ်ဆဲလ်စ်က ဒီဆုကို ရယူနိုင်ဖို့ အခြေအနေအကောင်းဆုံးဖြစ်နပေါတယျ။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးဂိုးသမားဆု(ရွှေလက်အိတ်ဆု)ကို ၂၀၀၄-၀၅ ရာသီမှ စတင်ချီးမြှင့်ခဲ့တာပါ။ ထူးခြားချက်တစ်ခုကတော့ ဒီဆု စတင်ချီးမြှင့်ခဲ့တဲ့ ၂၀၀၄-၀၅ ရာသီကစပြီး ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်အသင်းတွေက ဂိုးသမားတွေသာ ရွှေလက်အိတ်ဆုကို ရယူဆွတ်ခူးနိုင်ခဲ့တာပါ။

အထက်ပါ ဆုဆွတ်ခူးနိုင်တဲ့(၅)သင်းထဲမှာ မန်စီးတီးအသင်းက ဆုအများဆုံးဆွတ်ခူးတဲ့အသင်းအဖြစ် (၇)ကြိမ်ဆွတ်ခူးထားပါတယ်။ မန်စီးတီးဂိုးသမားဟောင်းဂျိုးဟတ်က(၄)ကြိမ်နဲ့ လက်ရှိဂိုးသမားအီဒါဆန်က(၃)ကြိမ်ဆွတ်ခူးခဲ့တာပါ။

ဒီဆုကို အများဆုံးရယူနိုင်ခဲ့တဲ့ ဂိုးသမားကလည်း ဂျိုးဟတ်နဲ့ ချယ်လ်ဆီးဂိုးသမားဟောင်းပီတာချက်တို့ဖြစ်ပြီး (၄)ကြိမ်စီဆွတ်ခူးခဲ့ကြတာပါ။ နောက်ဆုံးဆွတ်ခူးခဲ့တာက အာဆင်နယ်အသင်းရဲ့စပိန်ဂိုးသမားဒေးဗစ်ရေယာဖြစ်ပါတယ်။

မန်ယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်အစရှိတဲ့ အသင်း(၅)သင်းက ဂိုးသမားတွေကလွဲလို့ ကြီး(၆)ကြီးစာရင်းဝင် စပါးအသင်းနဲ့ ကျန်ပရီးမီးယားလိဂ်အသင်းတွေက ဂိုးသမားတွေအနေနဲ့ ဒီဆုကို လုံး၀မဆွတ်ခူးနိုင်သေးတာက ဒီဆုရဲ့ မပျက်ယွင်းသေးတဲ့အစဉ်အလာတစ်ခုဖြစ်နေပါတယ်။

ဒါကြောင့် မတ်ဇ်ဆဲလ်စ်အနေနဲ့ ကြီး(၆)ကြီးပြင်ပအသင်းတစ်သင်းသင်းက ရွှေလက်အိတ်ဆုကို ရယူနိုင်တဲ့ပထမဆုံးဂိုးသမားဖြစ်လာမလားဆိုတာကို ဒီရာသီမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မတ်ဇ်ဆဲလ်စ်ရဲ့နောက်မှာ အာဆင်နယ်ဂိုးသမားဒေးဗစ်ရိုင်ယာက Clean-Shee (၁၁)ပွဲ၊ ခရစ္စတယ်ပဲလေ့စ်ဂိုးသမားဒင်းန်ဟန်ဒါဆန်နဲ့ အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်တို့က(၉)ပွဲစီနဲ့အသီးသီးရပ်တည်နေကြပါတယ်။