ကွန်ညာကို ခေါ်ယူနိုင်ဖို့အတွက် အငှားချထားတဲ့ကစားသမား(၄)ဦးကို ရောင်းချဖို့ မန်ယူနိုက်တက်အသင်း စီစဉ်

ကွန်ညာကို ခေါ်ယူနိုင်ဖို့အတွက် အငှားချထားတဲ့ကစားသမား(၄)ဦးကို ရောင်းချဖို့ မန်ယူနိုက်တက်အသင်း စီစဉ်

မန်ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ကွန်ညာကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖို့အတွက် ကစားသမား(၄)ဦးကို ရောင်းချဖို့ စီစဉ်နေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ သွင်းဂိုးတွေရရှိဖို့ ရုန်းကန်နေရတာကြောင့် ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ နည်းပြအာမိုရင်ဟာ ကွန်ညာကို သူတို့ရဲ့အဓိကဦးစားပေးခေါ်ယူမှုအဖြစ် သတ်မှတ်ထားတာပါ။

မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ကွန်ညာရဲ့အေးဂျင့်နဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် ကွန်ညာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ကွန်ညာရဲ့အပြောင်းအရွှေ့အတွက် ဝုလ်ဗ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေစတင်လုပ်ဆောင်နေပြီး သူ့ရဲ့စာချုပ်ထဲမှာပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်(၆၂)သန်းကို ပေးချေဖို့ရှိနေတာပါ။

မန်ယူနိုက်တက်အသင်းဟာ ဒီပြောင်းရွှေ့ကြေးပမာဏကို ရရှိဖို့အတွက် အငှားချထားတဲ့ ကစားသမားတွေကို ရောင်းချဖို့ စီစဉ်နေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းထံ အငှားချထားတဲ့ ရပ်ရှ်ဖိုဒ့်နဲ့ ချယ်လ်ဆီးအသင်းထံ အငှားချထားတဲ့ ဆန်ချိုတို့နှစ်ဦးကို အပြီးသတ်ရောင်းချနိုင်ဖို့ မျှော်လင့်နေပြီး ဒီအပြောင်းအရွှေ့တွေကနေ ပေါင်(၆၅)သန်း ရရှိဖို့ ပစ်မှတ်ထားနေတာပါ။ ဒါပေမယ့် အက်စတွန်ဗီလာနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ရပ်ရှ်ဖိုဒ့်နဲ့ ဆန်ချိုကို အငှားစာချုပ်ကုန်ဆုံးချိန်မှာ အပြီးသတ်ဝယ်ယူဖွယ်ရှိ/မရှိတော့ မသေချာသေးပါဘူး။

ဒါ့အပြင် မန်ယူနိုက်တက်အသင်းဟာ ဘက်တစ်အသင်းထံ အငှားချထားတဲ့ အန်တိုနီနဲ့ PSV အသင်းထံ အငှားချထားတဲ့ မာလာစီယာတို့ကိုလည်း ရောင်းချနိုင်ဖို့ မျှော်လင့်နေတာပါ။ မန်ယူနိုက်တက်အသင်းအနေနဲ့ သူတို့(၄)ဦးလုံးကို ရောင်းချနိုင်ခဲ့ရင် ကွန်ညာအတွက် ပြောင်းရွှေ့ကြေးအဆင်ပြေသွားမှာဖြစ်သလို PSR အတွက် စိုးရိမ်မှုတွေကို ဖြေလျှော့နိုင်မှာဖြစ်ပြီး ကစားသမားသစ်တွေခေါ်ယူနိုင်မယ့် အခွင့်အရေးတွေလည်း ရရှိနိုင်ပါတယ်။ ဒီရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကွန်ညာဟာစာချုပ်သက်တမ်းတိုးထားပေမယ့် နွေရာသီမှာ အသင်းက ထွက်ခွာနိုင်ဖို့ မျှော်လင့်နေပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ