ကွန်းဖရန့်လိဂ်ဖလားရယူပြီး ဥရောပဖလား(၃)ခုစလုံးကို ပိုင်ဆိုင်တဲ့ပထမဆုံးအသင်းဖြစ်လာတဲ့ ချယ်လ်ဆီး

ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ

ရီးရဲလ်ဘက်တစ်(၁-၄)ချယ်လ်ဆီး

ဥရောပဖလား(၃)လုံးအနကိ တတိယတန်းစားဖလားဖြစ်တဲ့ ကွန်းဖရန့်လိဂ်ဖလားကို ဒီရာသီမှာ ဥရောပအသင်းကြီးဖြစ်တဲ့ ချယ်လ်ဆီးက ရယူဆွတ်ခူးခဲ့ပါတယ်။ စပိန်ကလပ် ရီးရဲလ်ဘက်တစ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး ဒီရာသီမှာ လန်ဒန်မြို့ခံကလပ် စပါးနဲ့ ချယ်လ်ဆီးအသင်းတို့က ဥရောပဖလား(၂)လုံးကို ရယူပိုင်ဆိုင်ခဲ့ကြတာပါ။

ချယ်လ်ဆီးအသင်းအနေနဲ့ ဒီဲပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်သလို (၁၂)ပွဲကစားရာမှာ (၁၁)ပွဲအထိ အနိုင်ရခဲ့တာမှန်ပေမယ့် ဗိုလ်လုပွဲမှာတော့ ပွဲကို ခက်ခက်ခဲခဲစတင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဘက်တစ်အသင်းက ပိုမိုသာလွန်တဲ့ ဂိုးဖန်တီးမှုတွေ၊ ဂိုးကန်ချက်တွေနဲ့ ချယ်လ်ဆီးအသင်းကို အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပြီး ပွဲချိန်(၉)မိနစ်မှာကတည်းက ချယ်လ်ဆီးနောက်ခံလူ ဂတ်စတိုရဲ့အမှားကနေ ဘောလုံးရယူခဲ့တဲ့ အစ္စကို ဖန်တီးပေးခဲ့တာကို ဘယ်တောင်ပံကစားသမားအက်ဇယ်ဇူလီက ထောင့်ဖြတ်ကန်သွင်းယူခဲ့ပါတယ်။

ဒီဂိုးနဲ့ ဘက်တစ်က ဒုတိယပိုင်း မိနစ်(၆၀)ကျော်အထိ ဦးဆောင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ပွဲချိန်(၆၅)မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်၊ (၇၀)မိနစ်မှာ ဂျက်ဆန်တို့ကဂိုးတွေပြန်သွင်းကာ ချယ်လ်ဆီးက တစ်ကျော့ပြန် ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန်(၈၃)မိနစ်မှာ ဆန်ချိုက ချယ်လ်ဆီးအသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းခဲ့သလို ပွဲချိန်(၉၀)မိနစ်မှာ ကိုင်စီဒိုက ပွဲသိမ်းဂိုးသွင်းပြီး စပိန်ကလပ်အသင်း ပြန်မလာနိုင်အောင် ပွဲကို အဆုံးသတ်ပေးခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ဖလားကို ဆွတ်ခူးတဲ့ (၄)သင်းမြောက်အသင်းဖြစ်လာပြီး ရှေ့မှာ ရိုးမား၊ ဝက်စ်ဟမ်း၊ အိုလံပီယာကော့စ်အသင်းတို့က ချန်ပီယံဖြစ်ထားကြပါတယ်။

ဥရောပဘောလုံးလောကမှာတော့ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်းဖရန့်လိဂ်အစရှိတဲ့ ပြိုင်ပွဲ(၃)ရပ်လုံးမှာ ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

Read more

အလကားရတဲ့(လေ)ကနေ ဓါတ်ဆီထုတ်နိုင်ပြီတဲ့

အလကားရတဲ့(လေ)ကနေ ဓါတ်ဆီထုတ်နိုင်ပြီတဲ့

နယူးယောက်မြို့မှာရှိတဲ့ Aircela ဆိုတဲ့အဖွဲ့အစည်းက (လေ)ထဲကနေ သန့်ရှင်းတဲ့ ဓာတ်ဆီအဖြစ်ဖန်တီးနိုင်တဲ့ ရေခဲသေတ္တာအရွယ်အစားစက်တစ်လုံးကို တီထွင်လိုက်ပါတယ်။အဲ

အခွင့်ရေးကောင်းတွေရလာသည့် BYD

အခွင့်ရေးကောင်းတွေရလာသည့် BYD

တရုတ်မှ EVကားများထုတ်လုပ်သည့် BYD ကုမ္ပဏီသည် ဥရောပတွင်လျှပ်စစ်ကားရောင်းချမှုမှာ Tesla ကို ပထမဆုံးအကြိမ်ကျော်တက်သွားနိုင်ခဲ့သည်။ 2025 ခုနှစ် ဧပြီလတွင် BYD သည် ဥရောပတွ

Android ထက်နောက်ကျကျန်နေတဲ့ Feature တစ်ခုပါဝင်လာမည့် iOS 19

Android ထက်နောက်ကျကျန်နေတဲ့ Feature တစ်ခုပါဝင်လာမည့် iOS 19

Apple ၏ iOS 19 တွင် Apple Intelligence နှင့်အတူပါဝင်လာမည့် feature တစ်ခုကိုပြောပြလာပါတယ် အဲ့ဒီ့ feature အသစ်ဆိုတာကတော့ Android တွေမှာပါဝင်လာတာကအချိန်အရမ်းကြာနေပါပြီ။သူ့အရပ်နဲ့သူ့ဇာတ်

နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

ကားပါကင်နေရာကြောင့် ပြဿနာတက်ရတဲ့ အကြောင်းတွေဟာ မြန်မာနိုင်ငံသားတွေ အတွက်တော့ မဆန်းပါဘူး။ ရန်ကုန်ရဲ့ လမ်းကျယ်၊ လမ်းသွယ်အစုံမှာ အုတ်ခဲ၊ ခုံ၊ သစ်သားတန်း၊ တစ်ခါ