ကစားသမားဘ၀တစ်လျှောက် အယ်လ်ဟီလယ်အသင်းကို နိုင်ပွဲမရတာအဆုံးသတ်နိုင်ခဲ့တဲ့ စီရော်နယ်ဒို

အယ်လ်နာဆာအသင်းဟာ မနေ့က ကစားခဲ့တဲ့ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်ဟီလယ်အသင်းကို အဝေးကွင်းမှာ(၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုအနေနဲ့ သူ့ကစားသမားဘ၀မှာ အယ်လ်ဟီလယ်အသင်းကို နိုင်ပွဲလုံး၀မရဖြစ်နေတဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ စီရော်နယ်ဒိုစတင်ရောက်ရှိလာတဲ့ ၂၀၂၃ ခုနှစ်ကစပြီး အယ်လ်ဟီလယ်အသင်းနဲ့ ကစားခဲ့တဲ့(၇)ပွဲမှာ တစ်ပွဲမှ နိုင်ပွဲမရခဲ့ဘဲ (၂)ပွဲသရေကျပြီး (၅)ပွဲရှုံးနိမ့်ခဲ့တာပါ။

ဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ စီရော်နယ်ဒိုရဲ့ကစားသမားဘ၀မှာ ပွဲအများဆုံးရင်ဆိုင်ပြီး နိုင်ပွဲမရယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

ဒီအသင်းကို ပထမဆုံးနိုင်ပွဲရယူနိုင်တဲ့ပွဲမှာ စီရော်နယ်ဒိုက ပယ်နယ်တီတစ်ဂိုးအပါအဝင် (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီ(၂)ဂိုးသွင်းယူပြီးနောက်မှာ စီရော်နယ်ဒိုရဲ့ကစားသမားဘ၀ သွင်းဂိုးအရေအတွက်စုစုပေါင်းက (၉၃၁)ဂိုးအထိရှိလာခဲ့ပြီး သူရည်မှန်းထားတဲ့ ဂိုး(၁၀၀၀)ပြည့်ဖို့ (၆၉)ဂိုးသာလိုပါတော့တယ်။

ဒီရာသီဆော်ဒီပရိုလိဂ်မှာ စီရော်နယ်ဒိုက သွင်းဂိုးစုစုပေါင်း(၂၁)ဂိုးသွင်းယူခဲ့ပြီး ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဒုတိယနေရာက ကစားသမားကို (၄)ဂိုးအထိဖြတ်ကာ ဦးဆောင်နေပါတယ်။

အယ်လ်နာဆာအသင်းဟာ ဒီပွဲအနိုင်ရခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရမှတ်(၅၄)မှတ်နဲ့ (အယ်လ်အစ်တီဟတ်/၆၁ မှတ်)၊(အယ်လ်ဟီလယ်/၅၇ မှတ်)တို့ရဲ့နောက် တတိယနေရာမှာရပ်တည်နေပါတယ်။