Twitter မှာ OnePlus 13S ထက် ပိုဟော့ပြီး သေးသေးကွေးကွေးနဲ့ ကာလာအစုံနဲ့ လူပြောများနေတာဆို ဒါလေးတွေပဲ။
ကာလာလိုင်းလေးတွေကအစ ချစ်စရာလေးတွေ။ အရွယ်အစားကလည်း ပုံတွေမှာဆို ကော်ဖီခွက်လေးတွေ နှုတ်ခမ်းနီဗူးတွေ မျက်မှန်တွေနဲ့တောင် ယှဉ်ပြထားသေးတယ်။ ဒီဖုန်းက Vivo ရဲ့S30 Series ထဲက S30 Pro Mini ပါ။

Spec: တွေအရ 6.31″ Flat Screen, 6500mAh Battery, MediaTek Dimensity 9400e Chips သုံးထားပါမယ်။ အရောင် ၄ ရောင်တောင် ရွေးနိုင်မှာဖြစ်ပြီး အရောင်တွေကတော့ နုနုရွရွကြိုက်တတ်သူတွေအတွက် ကွက်တိပါပဲ။

Vivo ရဲ့ S30 Series က တရုတ်မှာပဲ မိတ်ဆက်ဖို့ အလားအလာများတယ်။ Global ဖြန့်မဖြန့်ကတော့ ထပ်ကြေညာခါမှပဲ သိရပါမယ်။ တရုတ်မှာတော့ လာမယ့် မေလ 29 မှာ မိတ်ဆက်သွားမှာပါ။ လက်ရှိ Vivo official website မှာတောင် pre-order လက်ခံနေပြီလို့ ဆိုပါတယ်။
Discussion