ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ချယ်လ်ဆီး- လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲမစတင်မီ ချန်ပီယံ လီဗာပူးလ်အသင်း ကွင်းအတွင်းဝင်ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်းက Guard of honour နဲ့ ကြိုဆိုသွားမယ်လို့ ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့(၄)ပွဲကျန်ရှိသေးတဲ့အချိန်မှာ ချန်ပီယံဆုကိုရရှိခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ သူတို့နဲ့ ယှဉ်ပြိုင်တဲ့အသင်းတိုင်းက Guard of honour နဲ့ ကြိုဆိုမှုတွေပြုလုပ်ရမယ့် အစဉ်အလာရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးကစားရမယ့်ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်လို့ ချယ်လ်ဆီးအသင်းဟာ သူတို့ကို Guard of honour နဲ့ ကြိုဆိုရမှာပါ။

ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက "ကျွန်တော်တို့ Guard of honour နဲ့ ကြိုဆိုသွားမှာဖြစ်ပြီး၊ ဒါကအစဉ်အလာပါပဲ။ ကျွန်တော်တို့ ဒါကိုလုပ်သွားမှာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ထိုက်ထိုက်တန်တန်ရရှိတာပါ။ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းကြား ဟွာဟချက်နဲ့ ပတ်သက်ရင် ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ"လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်အစောပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေကြောင့် ချန်ပီယံပြိုင်ပွဲထဲမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေမတည်မငြိမ်မှုကြောင့် အခုဆိုရင် အမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ဖို့သေချာနေတဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၅)သင်းထဲဝင်ရောက်ပြီး ရာသီအဆုံးသတ်ကာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့ ပစ်မှတ်ထားနေပါတယ်။

Read more

မန်စီးတီး-ဝုလ်ဗ်စ်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းကို ဒီဘရိုင်းနားထိုးနှက်

မန်စီးတီး-ဝုလ်ဗ်စ်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းကို ဒီဘရိုင်းနားထိုးနှက်

မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်

ဥရောပပွဲမှာ ပါဝင်ကစားပြီးနောက် စာပြန်ကျက်နေရတဲ့ ရက်ဂီးဝက်လ်ရှ်

ဥရောပပွဲမှာ ပါဝင်ကစားပြီးနောက် စာပြန်ကျက်နေရတဲ့ ရက်ဂီးဝက်လ်ရှ်

ပြီးခဲ့တဲ့ ကြာသပတေးညက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာကစားခဲ့တဲ့ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့ပွဲစဉ်) ဂျာဂါးဒန်း(၁-၄)ချယ်လ်ဆီးပွဲမှာ ပါဝင်ကစားခဲ့တဲ့ ချယ်လ်

App ထက်ဝက်နီးပါး ဖြုတ်ချခဲ့တဲ့ Google Play Store

App ထက်ဝက်နီးပါး ဖြုတ်ချခဲ့တဲ့ Google Play Store

Google Play Store မှာ အရင်ရှိခဲ့တဲ့ App ပေါင်း 3.4 သန်းရှိခဲ့ရာကနေ 1.8 သန့်နီးပါး လျော့ကျသွားတယ်လို့ Appfigures analyst က ဆိုထားတာပါ။ ဒါက ဒီနှစ်စပိုင်းက နောက်ဆုံးတွက်ချက်