ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ နွေရာသီမှာ ကြီးမားတဲ့အပြောင်းအရွှေ့တွေပြုလုပ်မယ်လို့ အာတီတာကတိပေး

ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ နွေရာသီမှာ ကြီးမားတဲ့အပြောင်းအရွှေ့တွေပြုလုပ်မယ်လို့ အာတီတာကတိပေး

အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီရာသီပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံးပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းနည်းပြအာတီတာက အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့အတွက် နွေရာသီမှာကြီးမားတဲ့ အပြောင်းအရွှေ့ပြုလုပ်မယ်လို့ ကတိပေးခဲ့ပါတယ်။

ဒီရာသီကုန်မှာ အာဆင်နယ်အသင်းကနေ ကစားသမားအနည်းဆုံး(၄)ဦးကနေ (၅)ဦးအထိ ထွက်ခွာဖွယ်ရှိနေပါတယ်။ ကွင်းလယ်လူဂျော်ဂျင်ဟိုက ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့မှာဖြစ်ပြီး ဘယ်နောက်ခံလူတီယာနေးက အသင်းဟောင်း ဆဲလ်တစ်အသင်းထံ ပြန်ပြောင်းရွှေ့မှာပါ။ အာဆင်နယ်အသင်းထံ အငှားနဲ့ လာရောက်ကစားနေတဲ့ တောင်ပံကစားသမား စတာလင်နဲ့ ဂိုးသမားနက်တိုတို့ဟာ အငှားစာချုပ်ပြည့်လို့ ချယ်လ်ဆီးနဲ့ ဘုန်းမောက်အသင်းတွေထံ ပြန်သွားရမှာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ခံလူ ဇင်ချန်ကိုအပါအဝင် အသင်းမှာရှိတဲ့ ကစားသမားအချို့လည်း ရာသီကုန်ရင် အာဆင်နယ်အသင်းက ထွက်ခွာဖွယ်ရှိနေတာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၃)ရာသီဆက်တိုက်အဆင့်(၂)နေရာနဲ့ ကျေနပ်ခဲ့ရပြီး ၂၀၂၀ ခုနှစ် FA ဖလားကို ရယူပြီးနောက် အဓိကဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။

အာတီတာက "လူစာရင်းက အင်အားနည်းတဲ့အတွက် ကစားသမားတွေလိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ထက်မြတ်ဖို့လိုပြီး လာမယ့်ရာသီမှာသန်မာမှုရှိအောင် လုပ်ရပါမယ်။ အသင်းအကြီးအကဲတွေက အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့လုပ်စရာရှိတာကိုလုပ်သွားမယ်"လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းနည်းပြအာတီတာက လာမယ့်ရာသီမှာ ဆုဖလားရယူနိုင်ဖို့ သူအရာအားလုံးကို ပေးသွားမယ်လို့လည်း ဆိုခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ဒီရာသီနောက်ဆုံးပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်