ချန်ပီယံလိဂ်ပြိုင်ပွဲကို အရင်ဥရောပဖလားပြိုင်ပွဲကနေ ၁၉၉၂-၉၃ ရာသီကစပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ်ပြောင်းလဲကျင်းပခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ငံအလိုက် ကလပ်အသင်း​တွေပါဝင်ယှဥ်ပြိုင်မှုမှာ ဂျာမန်ကလပ်တွေက အများဆုံးအဖြစ် (၁၅)သင်းအထိ ပါဝင်ယှဥ်ပြိုင်ထားပါတယ်။

ဒါပေမယ့် ဒီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်တက်ရောက်နိုင်မှုမှာတော့ အဂ်လန်ကလပ်တွေက အရေအတွက်အများဆုံးအဖြစ် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဒီရာသီ အက်စတွန်ဗီလာအသင်းအပါအဝင် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်တဲ့အင်္ဂလန်ကလပ်အသင်းက (၉)သင်းအထိရှိလာခဲ့ပါတယ်။

အင်္ဂလန်အသင်းတွေဖြစ်တဲ့
မန်ယူနိုက်တက်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ စပါး၊ လိဒ်စ်၊ လက်စတာ အသင်းတို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ အနိမ့်ဆုံးတက်ရောက်နိုင်ခဲ့ကြပြီး အခု ဥရောပချန်ပီယံဟောင်းတစ်သင်းဖြစ်တဲ့ ဗီလာအသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲခေတ်မှာ ကွာတားဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တာပါ။

ဒါကြောင့် နိုင်ငံအလိုက် ကွာတားဖိုင်နယ်တက်ရောက်မှုမှာ အင်္ဂလန်ကလပ်တွေက (၉)သင်းနချန်ပီယံလိဂ်ကွာတာ ဦးဆောင်နေပြီး နောက်မှာ စပိန်က (၈)သင်း၊ ဂျာမနီနဲ့ ပြင်သစ်က (၇)သင်း၊ အီတလီက (၆)သင်းနဲ့ ရပ်တည်နေပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ဥရောပထိပ်တန်းလိဂ်(၅)ခု အသင်းတွေသာ တက်ရောက်လာခဲ့ပြီး လာလီဂါ၊ ဘွန်ဒစ်လီဂါနဲ့ ပရီးမီးယားလိဂ်က ကလပ်အသင်း(၂)သင်းစီ၊ စီးရီးအေနဲ့ ပြင်သစ်လီဂူးက တစ်သင်းစီ တက်ရောက်လာခဲ့တာပါ။

၂၀၁၈ နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဂ်လန်ကလပ်တွေက "မ" နှစ်တွေဆိုရင် ဗိုလ်စွဲလေ့ရှိတဲ့ အစဥ်အလာ (၂၀၁၉ လီဗာပူးလ် ၊ ၂၀၁၁ ချယ်လ်ဆီး၊ ၂၀၂၃ မန်စီးတီး) အရ အဂ်လန်ကလပ်တွေ ဒီနှစ် ချန်ပီယံဖြစ်အောင် အာဆင်နယ်နဲ့ ဗီလာအသင်းတို့ထဲက တစ်သင်းသင်းစွမ်းဆောင်နိုင်မလားဆိိုတာ ဆက်ကြည့်ရပါမယ်။