လီဗာပူးလ်အသင်းက PSG အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်အပြီးမှာ ဒတ်ချ်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ PSG အသင်းအကြီးအကဲ(၂)ဦးနဲ့ စကားပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့ ရုပ်သံထွက်ပေါ်လာခဲ့ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ဗန်ဒိုက်တို့ရဲ့စာချုပ်ဟာ နောက်ဆုံး(၃)လထဲကို ရောက်ရှိလာပြီဖြစ်တာကြောင့် ဒီတွေ့ဆုံမှုဟာ လီဗာပူးလ်အသင်းပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ရတာပါ။
ဒီပွဲအပြီး တစ်နာရီမပြည့်သေးချိန်မှာ ဗန်ဒိုက်ဟာ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ၊ အားကစားဒါရိုက်တာ ကမ်ပို့စ်တို့နဲ့ အန်ဖီးလ်ဥမင်ထဲမှာ စကားပြောဆိုနေတာ ဖြစ်ပါတယ်။ ဗန်ဒိုက်ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိသေးတာကြောင့် ဒီစကားပြောဆိုမှုဟာ ကြီးမားတဲ့ ထင်ကြေးတွေကို ဖြစ်ပေါ်စေတာပါ။

လီဗာပူးလ်အသင်းဟာ ဗန်ဒိုက်အပြင် တိုက်စစ်မှူးဆာလာ၊ ညာနောက်ခံလူ အာနိုးလ်တို့နဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းမှာ ဆက်ရှိချင်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိတယ်လို့ သတင်းတွေတော့ ထွက်နေပါတယ် ။ ဗန်ဒိုက်ဟာ အာနိုးလ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့စိတ်ဝင်စားမှုကို ခံနေ ရသူလည်းဖြစ်ပါတယ်။
PSG အသင်းဟာ လာမယ့်နွေရာသီအတွက် ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ဖို့ ရှာဖွေနေပြီး မကြာသေးခင်က လီဗာပူးလ်အသင်းနောက်ခံလူ ကိုနာတေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။
Discussion