စပိန်လက်ရွေးစင်အသင်းနဲ့ ဘာစီလိုနာအသင်းမှာ အသက်အငယ်ဆုံး စံချိန်မှတ်တမ်းတွေအမြောက်အမြားတင်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ်တောင်ပံကစားသမား လာမင်းယာမားလ်ဟာ အခု ချန်ပီယံလိဂ်မှာလည်း နောက်ထပ် အသက်အငယ်ဆုံးစံချိန်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။
အဲဒါက ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ပွဲတစ်ပွဲအတွင်း ဂိုးသွင်း+ဂိုးဖန်တီးနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ် ဘာစီလိုနာ(၃-၁)ဘင်ဖီကာပွဲမှာ ယာမားလ်ဟာအသင်းဖော် ရာဖင်ညာသွင်းယူခဲ့တဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို၊ သူကိုယ်တိုင်လည်း ပွဲချိန်(၂၇)မိနစ်မှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ယာမားလ်ဟာ ဒီပွဲကစားတဲ့နေ့မှာ အသက်(၁၇)နှစ် (၂၄၁)ရက်သာရှိသေးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ပွဲတစ်ပွဲအတွင်း ဂိုးသွင်း+ဂိုးဖန်တီးနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

အရင်က ဒီပြိုင်ပွဲမှာ ဒီလိုမှတ်တမ်းမျိုးပိုင်ဆိုင်ခဲ့သူက ဘေဆယ်အသင်းရဲ့ဆွစ်ဇာလန်လူငယ်ကစားသမားအမ်ဘိုလိုဖြစ်ပြီး၂၀၁၄ ခုနှစ်အတွင်းက လိုဒိုဂိုရက်စ်နဲ့ပွဲမှာ (၁၇)နှစ်(၂၆၃)ရက်နဲ့ စံချိန်တင်ခဲ့တာပါ။
အခု ယာမားလ်က အမ်ဘိုလိုရဲ့စံချိန်ကို (၁၁)နှစ်ကြာတင်ထားတဲ့ စံချိန်ကို (၂၂)ရက်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ခဲ့သူ အန်ဆုဖာတီကလည်း ၂၀၂၀ ခုနှစ်က ချန်ပီယံလိဂ်ပွဲစဉ် ဘာစီလိုနာ-ဖီရန်ဗာရိုစ်ပွဲမှာ ဂိုးသွင်း+ဂိုးဖန်တီးခဲ့ဖူးပြီး ထိုစဉ်ကလည်း သူ့အသက်က (၁၈)နှစ်အောက်(၁၇ နှစ် ၃၅၅ ရက်)သာရှိခဲ့ပါတယ်။
Discussion