ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ဘာမင်ဂမ်စီးတီးကို NFL icon တွမ်ဘရာဒီဂုဏ်ပြု

ပီတာဘရော့အသင်းကို (၁-၂)ဂိုးနဲ့ အနိုင်ရပြီး လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ဘာမင်ဂမ်စီးတီးအသင်းကို ပူးတွဲအသင်းပိုင်ရှင်တစ်ဦးဖြစ်သူ NFL icon တွမ်ဘရာဒီက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဂုဏ်ပြုခဲ့ပါတယ်။

ဘာမင်ဂမ်စီးတီးအသင်းဟာ လိဂ်ဝမ်းပွဲစဉ်(၄၀)ကစားအပြီးမှာ ရမှတ်(၉၅)မှတ်ရရှိကာ လက်ကျန်ပွဲစဉ်ကစားဖို့ (၆)ပွဲအလိုမှာ အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေတဲ့ ဝိုင်ကမ်ဘီအသင်းထက် (၁)ပွဲလျော့ကစားပြီး ရမှတ်(၁၇)မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

ဘာမင်ဂမ်စီးတီးအသင်းဟာ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေတဲ့ ရက်စ်ဟမ်းအသင်းကိုလည်း (၁)ပွဲလျော့ကစားပြီး ရမှတ်(၁၄)မှတ်အသာရရှိနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘာမင်ဂမ်အသင်းဟာ လက်ကျန်ပွဲစဉ်(၆)ပွဲမှာ (၁)ပွဲအနိုင်ရတာနဲ့ လိဂ်ဝမ်းဖလားကို ရယူနိုင်တော့မှာပါ။

အသက်(၄၇)နှစ်အရွယ်ရှိ တွမ်ဘရာဒီက "ဂုဏ်ယူပါတယ် ကောင်လေးတွေရေ။ ဒါက အပြာရောင်တွေသွားရမယ့်လမ်းပါ။ ဒီအတိုင်းဆက်သွားကြစို့။ ချန်ပီယံရှစ်ထံ တိုက်ရိုက်ပြန်သွားပြီး၊ ဒါကမပြီးဆုံးသေးဘူး"လို့ Instagram မှာ ရေးသားခဲ့ပါတယ်။

Super bowl ချန်ပီယံဆုကို (၇)ကြိမ်ရယူနိုင်ခဲ့တဲ့ တွမ်ဘရာဒီဟာ ၂၀၂၃ ခုနှစ်၊ဩဂုတ်မှာ ဘာမင်ဂမ်အသင်းထံ ရင်းနှီးမြုပ်နှံမှုတွေစတင်ခဲ့တာပါ။ ဘာမင်ဂမ်စီးတီးအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ဖို့အတွက် နွေရာသီက လိဂ်ဝမ်းစံချိန်တင်ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့ပါတယ်။ ဘာမင်ဂမ်အသင်းဟာ လာမယ့်ဧပြီ(၁၃)ရက်မှာ EFL Trophy ဗိုလ်လုပွဲအဖြစ် ပီတာဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။